2

657 91 18
                                    

[Unicode]

Renjun ရေခဲမုန့်ဆိုင်ရှေ့မှာရပ်လိုက်ကာ ရှေ့မှလူတွေတန်းစီတဲ့အတိုင်းဝင်ရပ်လိုက်သည်

ရှေ့မှအမေဖြစ်သူရဲ့လက်ကိုကိုင်ထားတဲ့ကလေးငယ်က renjကိုကြည့်လာသည်မို့ renjunပြန်စိုက်ကြည့်ပေးလိုက်တော့ ကလေးကမအေ့ရဲ့လက်ကိုဆွဲကာငိုတော့၏

အီး အဟင့် အဟင့်

ကလေးငိုရတဲ့အကြောင်းအရင်းကိုလည်းတေွ့ရောအမေဖြစ်သူက renjun့ကိုမျက်စောင်းလှမ်းထိုးလျှက်

"အခုခတ်လူငယ်တွေများစိတ်ပျက်စရာ!"

"ဘာတုန်းဟ ဘလိုင်းကြီး! "

Renjunလည်းထိုအဒေါ်ကြီးသားအမိထွက်သွားသည်နှင့် ဆိုင်ရှင်ဆီ ချောကလတ်ရေခဲမုန့်၃ခုမှာလိုက်သည်

ဆိုင်ရှင်ကလည်းrenjun့ပုံစံကိုကြည့်ကာ စောင့်စောင့်အောင့်အောင့်ဖြင့် ပြန်အမ်းငေွနဲ့ရေခဲမုန့်၃ခုကိုပေး၏

"ဟမ့်!"

အပြင်ထွက်လာတော့မှဆိုင်ရဲ့အပြင်ဘက်မှန်နဲ့ renjunကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်သည် suitကတစ်နေကုန်ပြေးလွှားထားရတာမို့အနည်းငယ်ညစ်နေတာလေးပဲရှိ၏

ဘာနေရာမှလည်းကြောက်စရာကောင်းမနေပဲနဲ့

မျက်နှာပေါ်ကဒဏ်ရာအနည်းငယ်နဲ့ လက်ခုံကပတ်တီးတချို့ကိုတော့renjunမမြင်ချင်ယောင်ဆောင်ပစ်လိုက်ပါသည်

ရေခဲမုန့်၃ခုကိုတစ်ပြိုင်ထဲစားရင်း အိမ်အပြန်လမ်းဘက်ဦးတည်လျှောက်လာခဲ့သည်

ခြေထောက်တွေကအေးတာရော ပင်ပန်းတာရောပေါင်းပီးထုံကျင်နေပေမဲ့renjun taxiငှားစီးဖို့စိတ်ကူးမရှိပါ‎ေချ

ဒီနေ့စိတ်အခြေအနေက ကိုယ့်ကိုယ်ကို အပြစ်ပေးဖို့ပဲအားသန်နေသည်မို့

Renjunအိမ်ပြန်ရောက်တော့ ည၁၂နာရီပင် ကျော်နေပီဖြစ်သည်

အခန်းမီးဖွင့်ပီးဖုန်းနဲ့ပိုက်ဆံအိတ်အားခုံပေါ်ချထားခဲ့ကာရေချိုးဖို့ပြင်၏

ရေချိုးပြီးတာနဲ့ အိပ်ရာပေါ် ပစ်လှဲလိုက်ကာ ၂ရက်တာမျှပင်ပန်းထားသမျှကို အတိုးချပီးအနားယူလိုက်သည်

DaddyWhere stories live. Discover now