တစ်လခွဲလောက်အကြာမှာတော့renjunအိမ်မှာနေရတာအတော်လေးပျင်းလာပြီး အပြင်ထွက်ချင်လာသည်
Jaeminဝယ်ပေးခဲ့တဲ့instantအစားအစာတွေကိုလည်းမစားချင်တော့ တစ်ခုခုဝယ်ချက်စားဖို့ကလည်းအနီးအနားမှာစျေးကမရှိ
Renjunညအမှောင်ကိုစောင့်ပြီးmaskတပ် ဦးထုပ်အမဲကိုခပ်ငိုက်ငိုက်ဆောင်းကာ လမ်းမကြီးဆီလျှောက်လာခဲ့လိုက်သည်
ဖြတ်မောင်းလာသော ကားတစ်စီးအားလက်ပြတားလိုက်တော့ ကားပိုင်ရှင်က
"လမ်းကြုံလိုက်ချင်လို့လား?"
ဟုရွှတ်နောက်နောက်မေးလာ၏
Renjunလည်းမတုံ့မဆိုင်းပင်ကားပေါ်တက်ပြီး ပိုက်ဆံတစ်ထပ်ပစ်ပေးလိုက်ကာ
"ဆိုလ်းကိုမောင်း! "
ကားပိုင်ရှင်က ပိုက်ဆံလဲမြင်ရော မျက်လုံးများဝင်းပသွားကာ
"ဟုတ်ကဲ့! "
ဟုရိုရိုသေသေပြောလာ၏ စောနကလိုလှောင်ပြောင်နေခဲ့တာသူမဟုတ်သလို ဟုတ်ကဲ့ချည်းထပ်ကာပြောကာ ကားကိုစမောင်းတော့သည်
အဟင်း! ပိုက်ဆံမကြိုက်တဲ့သူ ရွှေလိုရှားတဲ့ခေတ်ပါလား
Renjunကားကို အဆောက်အဦးတစ်ခုရှေ့ရပ်ခိုင်းလိုက်ကာ ကားပေါ်မှဆင်းလိုက်သည်
[DD plastic sugery]
Renjunအဆောက်အဦးကိုတစ်ဆုံးမော့ကြည့်လိုက်ကာ
"ဟူးး ငါတကယ် ဒီလိုနေရာကိုလာဖြစ်လိမ့်မယ်လို့တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှမတွေးခဲ့ဘူးဖူး"
Renjunအဆောက်အဦးထဲဝင်လိုက်ကာreceptionဆီတန်းလျှောက်သွားလိုက်သည်
"ဟုတ်ကဲ့ ဘယ်နေရာများပြုပြင်ချင်လို့ပါလဲရှင့်! "
"တစ်ကိုယ်လုံးပြင်လို့ရလား?"
Renjunစနောက်သလိုမေးလိုက်တော့ကောင်မလေးကmaskဖုံးထားတဲ့renjun့မျက်နှာအားစေ့စေ့စပ်စပ်ကြည့်လာကာ
"ရှင့်ကြည့်ရတာ အဲ့လောက်ရုပ်ဆိုးမဲ့ပုံမပေါ်ပါဘူး "
"အဟားး!"
Renjunဟားတိုက်ရယ်တော့ ကောင်မလေးကကြောင်တောင်တောင်လေးကြည့်လာ၏
