[Unicode]
Tvမှာလာနေတဲ့ ဘောလုံးပွဲဆီမှအသံက ဧည့်ခန်းတစ်ခုလုံးဆူညံပြီး နားမခံနိုင်အောင်ဖြစ်နေသော်လည်း ဆိုဖာပေါ်တုံးလုံးပက်လက်နဲ့ ဖုန်းကြည့်နေတဲ့တစ်ယောက်ကတော့ နဲနဲလေးတောင်အနှောက်အယှက်ဖြစ်နေပုံမပေါ်ပါချေ
မနေနိုင်တဲ့ကိုယ်က အခန်းထဲကထွက်ပြီး ခုံဘေးနားလေျာကျနေတဲ့ရီမုကိုကောက်ကာ တိုးပစ်ရသည်
TVမှအသံပျောက်သွားကာမှ
"အော် jaemin!"
"အခုမှ ကိုယ့်ကိုတွေ့တယ်လား? "
"အာ မဟုတ်ပါဘူး အိမ်တံခါးဖွင့်ဝင်လာထဲက တွေ့တာပါ "
"တွေ့တဲ့သူက 'ကိုယ်ပြန်လာပီလုိ့'ပြောတာတောင် နဲနဲလေးမှလှည့်ကြည့်မလာဘူးလေ "
Renjun jaeminရဲ့ပေါင်အားမမှီမကမ်းနဲ့လှမ်းထိုးလိုက်ကာ
"အဲ့တော့ ကောက်တယ်ပေါ့ "
"ကိုယ်မကောက်ပါဘူး "
"အခန်းထဲပြန်ဝင်ပီး မှန်သွားကြည့်လိုက်အုံး နှုတ်ခမ်းက မြောက်ကိုရီးယားရောက်တော့မယ်"
Jaeminတစ်ဖက်လှည့်ပြီး ဆံပင်ရေစိုတွေကိုဖွပစ်လိုက်ကာ
"ကိုယ်တကယ်မသိတော့ဘူး "
"ဘာကိုလဲ? "
ဟင်းးး!
Jaeminကသက်ပျင်းချလျှက် renjunလှဲနေတဲ့ဆိုဖာခြေရင်းမှာလာဝင်ထိုင်ကာ renjun့အားငေးလျှက်
"ကိုယ်တွေ့ဖူးတဲ့သူများအတွဲတွေဆို ပူးကပ်ပြီး ပွတ်သီးပွတ်သတ်တီတီတာတာနေလိုက်ကြတာများ ....ကိုယ်တို့ကြတော့ ကျစ်!....ပီးတော့ မင်းက ကိုယ့်ကိုနဲနဲမှအချိန်မပေးဘူး "
Renjunရယ်ချင်နေတဲ့ပါးစပ်အားအတင်းဖိပိတ်လိုက်ကာ ဘာမှမဖြစ်သလို တည်တည်ငြိမ်ငြိမ်ပုံစံဖြင့်
"အဟမ်း! အဲ့တော့ မင်းက ငါနဲ့တီတီတာတာနေချင်တယ်ပေါ့ "
"ကိုယ်လဲ လူပဲလေ! "
Renjun jaeminအားနားလည်ပြီ ဆိုတဲ့သဘောနဲ့ခေါင်းငြိမ့်ပြလိုက်တော့ jaeminက တစ်ခုခုကိုမျှော်လင့်နေဟန်ဖြင့် renjun့ကိုသာတည်တည်လေးကြည့်နေ၏
