[Unicode]
ဖန်သားနဲ့ပြုလုပ်ထားတဲ့ခုံတန်းရှည်ရဲ့အစွန်းတစ်ဖက်မှာrenjunထိုင်နေပြီး ကျန်တစ်ဖက်မှာ အသက်၇၀အရွယ်အဘိုးတစ်ဦးထိုင်နေ၏
ထိုအဖိုးအိုက သူ့ရှေ့ကရေနွေးချမ်းခွက်ကိုဟန်ပါပါငှဲ့လျှက် တစ်ချက်တစ်ချက် မိုက်ကန်းကန်းကြည့်နေသောrenjunအားကြည့်ကာ
"လာရင်းကိစ္စက? "
"မသိလုိ့မေးနေတာလား? "
"ဟားဟား"
အဘိုးအိုကပုခုံးများလှုပ်ယမ်းသည်အထိရယ်ချလိုက်ကာ
"မင်းက အကောင်နဲ့မလိုက်အောင်အဆိပ်ပြင်းတဲ့ကောင်လေးပဲ ...."
"ခင်ဗျားအိမ်ထဲထိလာပြီး ခင်ဗျားလက်မှတ်ကိုလာတောင်းရဲတယ်ဆိုထဲကစဉ်းစားတော့လေ....."
"ငါက ခြောက်တာကိုကြောက်တက်တဲ့အရွယ်လည်းမဟုတ်တာတော့သိတယ်မဟုတ်လား? "
"မြေနေရာကို အေးဆေးပေးပြီး နောက်မှသေမလား? အခုချက်ချင်းပဲနာနာကျင်ကျင်သေမလား? တစ်ခုရွေးလိုက်"
"လူလေး! မင်းအခုရောက်နေတာငါ့အိမ်နော် "
သူပြောလိုက်သည်နှင့် တစ်ပြိုင်နက် သေနတ်သမားငါးယောက်က အပေါ်ထပ်ကနေပြေးဆင်းလာကြ၏
"ကျစ်!"
Renjun့နောက်ကပါလာတဲ့ ဆန်းဝူနဲ့ ကောင်လေးတစ်ချို့ကလည်းချက်ချင်းအသင့်အနေအထားပြင်လိုက်ကာ renjun့ဆီကအမိန့်တစ်ခုကိုစောင့်ဆိုင်းနေသလို ရှေ့မှသေနတ်သမားငါးယောက်နဲ့ ထိုအဘိုးကြီးဘေးက သက်တော်စောင့်နှစ်ယောက်ကလည်း အဘိုးကြီးရဲ့အမိန့်မရသေးလို့ မလှုပ်ရှားသေးတဲ့ပုံပင်
Renjun ခုံပေါ်တင်ထားတဲ့လက်နှစ်ဖက်ကိုယှက်ကိုင်လိုက်ပီး ကျောမှီထားတဲ့ခုံပေါ်ကနေရှေ့ကိုငုံ့ကိုင်းလိုက်ကာ
"ဒါ ခင်ဗျားရဲ့အဖြေပေါ့ "
"ငါ့အဖြေကအခုမှစမှာ "
နှစ်ဖွဲ့လုံးလှုပ်ရှားလိုက်တဲ့အခြေအနေကြောင့် တန်ဖိုးကြီးဧည့်ခန်းလေးဟာ ချက်ချင်းပင်စစ်မြေပြင်အဖြစ်ပြောင်းသွားရ၏ သေနတ်သံတွေ ရိုက်နှက်သံတွေရဲ့အဆုံးမှာတော့ renjunခက်ခက်ခဲခဲနဲ့ပင် ထိုအဘိုးအိုရဲ့လက်မှတ်ကိုယူခဲ့ရသည်