[Unicode]
နောက်နေ့မနက်မှာတော့ရီဘန်က သူ့ဆီချက်ချင်းလာခဲ့ဖို့ပြောတာကြောင့်renjun jaeminနိုးသည်ကိုပင်မစောင့်နိုင်ပဲ ဟိုတယ်ကအကျီတစ်စုံငှားကာရီဘန်ရဲ့အိမ်ဆီထွက်လာခဲ့လိုက်သည်
တစ်ခုခုမကောင်းတာဖြစ်တော့မယ်မှန်းရိပ်မိနေသော်လည်း ရှောင်ပြေးတာထက် ထိပ်တိုက်တွေ့ပြီးရှင်းလိုက်ဖို့သာအားသန်နေမိသည်
တစ်ဖက်ပြိုင်ဘက်မှာ renjunမယှဉ်နိုင်တဲ့အရှိန်အဝါတွေရှိနေသော်လည်း renjunလွယ်လွယ်နဲ့တော့လက်မေလျာ့ချင်ပါ
အဆုံးထိရုန်းကန်သွားမည်ဖြစ်သည်
Renjunရဲ့ကားခြံရှေ့ရောက်သည်နှင့် နှစ်ဖတ်ယှက်ပိတ်ထားတဲ့တံခါးကအလိုလိုပွင့်လာတာကြောင့် renjunကားကိုခြံထဲထိမောင်းဝင်လာလိုက်ကာ ရှေ့ဆင့်နောက်ဆင့်စီရပ်ထားတဲ့ကားတေွနဲ့နောက်မှာရပ်ထားခဲ့လိုက်သည်
ဧည့်ခန်းခုံမှာခြေချိတ်ထိုင်နေတဲ့ရီဘန်ကrenjun့ကိုတွေ့တော့
"ရောက်လာပီလား? "
အရင်လိုဆိုဖာမှာလာထိုင်ဖို့တော့မခေါ်
Renjunလည်း ထိုနေရာမှာပင်မက်တပ်ရပ်နေလိုက်ကာ
"ဟုတ်ကဲ့! ဘာကိစ္စများပါလဲ! "
ရီဘန်ကလက်ထဲကဘီယာခွက်အား အတန်ကြာလှည့်နေပြီးမှrenjun့ကိုပြုံးကြည့်လာကာ
"renjun!မင်း ငါ့ဆီကထွက်ေပြးဖို့ကြိုးစားနေတာလား? "
သူသိသွားတာလား?
Renjunထိတ်ခနဲဖြစ်သွားသော်လည်း မျက်နှာအမူအရာမပေါ်အောင်ထိန်းလိုက်ကာ
"မဟုတ်တာ! "
"မင်း! ဒါဆို ဘာလို့ ဂျပန်ရဲ့အစွန်အဖျားပြည်နယ်လေးမှာ တခြားသူနံမည်နဲ့အိမ်ဝယ်ထားရတာလဲ? "
သူ့ဘေးကဘော်ဒီဂတ်တစ်ယောက်က စာချုပ်တစ်ခုအားrenjun့ရေှ့ပစ်ချပေးလာ၏
ကျစ်! သောက်အဓိပ္ပယ်ရှိမနေဘူး
"အဲ့ဒါက ကျနော်အလည်အပတ်သွားရင်တည်းခိုဖို့ ဝယ်ထားတာပါ "
"ဖြေရှင်းချက်ကမလုံလောက်ဘူးrenjun! ဘဏ်အကောင့်အတုနဲ့passpoartတွေ ပြီးတော့ ငါ့ကိုမလိှမ့်တစ်ပတ်လုပ်ပြီး မင်းသူငယ်ချင်းစီထိုးကျွေးလိုက်တဲ့မြေကွက်! "