Jaemin driverဖြစ်သူအားစထွက်ဖို့ပြောလိုက်ကာ Phoneထဲကတက်လာတဲ့ သတင်းတစ်ချို့ကိုဖတ်နေလိုက်သည်
မျက်လုံးကတော့ သတင်းတွေဆီမှာဆိုပေမဲ့ စိတ်ကတော့ haung renjun့ ပုခံုးေပါ်ကဟာဇတ်ရဲ့လက်တွေဆီပဲရောက် ရောက်နေ၏
ငါ ထပ်ပြီး ဒုတိယလူဖြစ်ရဦးမှာလား?
ဟင်းး!
ဟိုညကလို...
ထိုညကjaeminသတိပြန်ရလာတော့ တစ်ကိုယ်လံုးေသွးတွေေပစွန်းနေတဲ့renjunကအကိုrayကိုဖက်ကာ 'ကိုကိုက ကျနော့ကိုအရမ်းချစ်တာ ' 'ကိုကို ကျနော့ကြောင့်သေရတာ' 'ကျနော် ဘယ်လိုလုပ်ရမလဲ? 'ကိုကိုမရှိပဲ ကျနော်ဘယ်လိုနေရမလဲ? ' ဆိုပြီး ရှိုက်ကြီးတငင်ငိုနေခဲ့သည်
အဖြစ်အပျက်တွေကရှုပ်ထွေးလွန်းလို့ နားလည်အောင်jaeminခေါင်းကို အတော်လေးအလုပ်ပေးလိုက်ရ၏
Renjunက ကိုကို့ကို အကိုဟွန်မင်းလို့မခေါ်ပဲ ကိုကိုလို့ခေါ်နေတယ် ....ပြီးတော့ချစ်တဲ့အကြောင်တွေပြောနေတယ်
ကိုယ်အချစ်ရဆုံးယောကျာ်းနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ချစ်နေကြသည်တဲ့လား?
အခုလိုအချိန်မှာ ဒီလိုမျိုးမတွေးသင့်ပေမဲ့ jaeminထိုနှစ်ယောက်လုံးကို အတော်လေးရွံရှာမုန်းတီးနေမိ၏
haung renjunကယောကျာ်းတွေကိုကြိုက်တယ်ပေါ့ ...,ဒါဆိုဘာလို့ ကိုယ့်ကိုကြတော့မကြိုက်ရတာလဲ? ဘာလို့ကိုကို့ကိုကြိုက်ရတာလဲ?
Jaeminခေါင်းထဲမေးခွန်းတွေနဲ့ မုန်းတီးမှု့တေွပြည့်နေပီး ထွက်ပေါက်အနေနဲ့ ရှေ့ကငိုယိုနေတဲ့သူကိုအပြစ်ပုံချချင်လာသည်
Jaeminထိုလူအနားသွားကာ အကျီလည်ပင်းစကိုစောင့်ဆွဲလိုက်ပီး
"ခင်ဗျားကြောင့် ခင်ဗျားသာ စောက်အဓိပ္ပယ်မရှိတာတွေမလုပ်ခဲ့ရင်......"
Jaeminရှိသမျှမကောင်းတဲ့စကားလုံးတွေအကုန်သုံးကာhaung renjun့အားပြောဆိုလုပ်ခဲ့ပြီး နောက်မှာတော့ နောက်တစ်ကြိမ်ပြန်မေ့လဲသွားခဲ့သည်
Jaeminသတိပြန်ရလာတော့ ဆေးရုံကုတင်ပေါ်ရောက်နေပြီး haung renjunကတော့ ပေါ်မလာတော့ချေ
