Renjunအိမ်ပြန်ရောက်သည်နှင့်အိတ်ကပ်ထဲမှsilentလုပ်ထားသောဖုန်းကိုထုတ်ကြည့်လိုက်တော့ misscallပေါင်းများစွားနှင့်အတူ'jaeminဆီဖုန်းဆက်လိုက်ဦး'ဆိုတဲ့messageတစ်စောင်ပါရောက်နေ၏
Renjunဧည့်ခန်းခုံပေါ်ထိုင်ပြီးခနမျှတွေဝေနေမိသည်
အစထဲကမလာနိုင်ဘူးလို့ပြောထားခဲ့ရင်အကောင်းသား အခုတော့ အနားနီးမှမလာတော့ဘူးလို့ပြောလိုက်မိတာက တော်တော်လေးရုပ်ပေါက်နေ၏
ဖုန်းကို ဆိုဖာခုံပေါ်ပစ်ချခဲ့ကာ ရှုပ်ပွနေသောအခန်းငယ်အားအရင်ဆုံးသန့်ရှင်းရေးလုပ်သည် ပြီးနောက်အနှစ်နှစ်အလလမရှင်းတာကြာပီဖြစ်တဲ့အဝတ်ဗီဒိုကိုပင်ထုတ်ရှင်းကာ အချိန်ဆွဲနေလိုက်သည် ...မရှိ ရှိတဲ့အလုပ်ရှာကြံလုပ်ကာအားလုံးပြီးသလောက်ရှိကာမှ ရေချိုးခန်းထဲဝင်ပြီး ရေအရင်ချိုးလိုက်သည်
ရေချိုး အဝတ်အစားလဲပြီးကာမှ ခေါက်ဆွဲခြောက်တစ်ထုတ်ပိုက်ကာဆိုဖာပေါ်လှဲချလိုက်ပြီး ညစာကိုအေးအေးဆေးဆေးစားသည်
နံရံပေါ်ကနာရီက ၁နာရီခွဲဆိုတဲ့အချိန်ကိုညွှန်ပြကာမှ ဖုန်းကိုယူကာjaeminဆီဆက်လိုက်သည်
ဒီအချိန်ဆိုသူအိပ်လောက်ရောပေါ့ ဖုန်းမကိုင်လောက်
"ကိစ္စရှိလို့လား? "
Renjun့အတွေးပင်မဆုံးလိုက် ခပ်ဩဩအသံတစ်ခုကိုဖုန်းထဲကနေကြားလိုက်ရ၏
Renjunအံဩသွားသည်မို့ဖုန်းကိုလွှတ်ချမိမတက်ပင်...သူဒီအချိန်ထိမအိပ်သေးဘူး?
Jaeminကထိုတစ်ခွန်းသာမေးပီးဘာမှဆက်ပြောမလာချေ renjun့ဆီကဘာအဖြေမှပြန်မကြားရသော်လည်း ဖုန်းချသွားချင်းမရှိ
Renjunလည်းအသိစိတ်ပြန်ကပ်လိုက်ကာ စကားမရှိစကားရှာပြီး
"အာ! ဟို ...ငါကိတ်ပို့လိုက်တာ ရောက်လား?"
"အခုစားနေတာ! "
ဒီအချိန်ကြီး ကိတ်ထစားနေတယ်ပေါ့လေ Na jaeminခေါင်းမှာ အခန်းတစ်ခန်းတော့ လွတ်နေပုံရ၏
"ငါလည်းအခုမှညစာစားတာ "
"အင်း! "
'အင်း'ဟုဆိုကာငြိမ်ကျသွားတော့