12

1K 71 33
                                    

[Unicode]

"ညကလုပ်နေတုန်းကတော့ဒီလိုအကြောမျိုးမဟုတ်ဘူးနော် အားထည့်စမ်းပါ တကထဲ"

Renjunဆိုဖာပေါ်မှောက်လျှက်အနှိပ်ခံနေရာမှ နောက်ကနေ ကိုယ့်ခါးပေါ်ရွရွလေးနှိပ်ပေးနေသောထိုလူအားခေါင်းလှည့်ကာရန်လုပ်လိုက်သည်

ဒီကောင်ကိုrenjunနဲနဲလေးမှအခဲမကျေနိုင်ပါ ညကတစ်ညလုံးနီးပါး သူ့ရင်ခွင်ထဲမှာ အလူးလူးအလဲလဲဖြစ်ခဲ့ရတာကြောင့် ဒီမနက်ကျောင်းက ခုံမှာ ငါးမိနစ်ပြည့်အောင်တောင်ဖင်ချမထိုင်နိုင်ခဲ့ခေျ ဖင်တကြွကြွနဲ့ တစ်မနက်လောက်သည်းခံလိုက်မယ်ဆိုတဲ့အတွေးနဲ့ ကျောင်းလာခဲ့တာဆိုပေမဲ့ ကိုယ့်ရဲ့ပုံပျက်ပန်းပျက်ပုံစံကို ဟိုလူဝိုင်းကြည့်ဒီလူဝိုင်းကြည့်နဲ့မို့ ရှက်လာတာကြောင့် အိမ်ပြန်ပြီးနားဖို့သာဆုံးဖြတ်လိုက်ရသည် အိမ်ပြန်ချင်လို့driverခနလောက်လွှတ်ပေးပါဆိုတော့လည်း သူပဲရောက်လာပြန်သည် ဘယ်သူကသူ့မျက်နှာကြီးကိုမြင်ချင်နေလို့တုန်း

renjunဆိုတာ'ခေါင်းဆောင်'ဆိုတဲ့နံမည်တစ်ခုနဲ့နေခဲ့တဲ့လူပါ အခုတော့ဖြင့် ကျစ်! အဲ့ဒီ့မျက်နှာချောချောလေးမှာကျရုံှးသွားရတယ်လို့ ပြီးတော့ သူကငယ်ချစ်ဦးဖြစ်တော့...ဟင်း ကိုယ်ကလည်းငယ်ငယ်ကတည်းကသူလိုချင်တာဆိုအားလုံးပေးချင်ခဲ့တာမဟုတ်လား? အခုတော့ဖြင့် ခေါင်းပေါ်တက်ရုံတင်မကပဲ သူ့အောက်တောင်အပို့ခံလိုက်ရသေး

"မင်းပြောကြည့်စမ်း! ဒီနားမှာအနှိပ်ခံနေရမဲ့သူကမင်းမဟုတ်လား? "

"ဟုတ်တာပေါ့ ကိုယ်ဖြစ်သင့်တာပေါ့"

"စိတ်တိုလိုက်တာ! "

မနက်ကထဲကကိုယ်ကသာ တစ်ယောက်ထဲပွစိပွစိနဲ့စိတ်တိုလိုက် ပြောဆိုလုပ်လိုက်လုပ်နေရတာ သူက နဲနဲမှခုခံမပြောပဲ 'အင်းအင်း'ဆိုပြီးအသာတကြည်ငြိမ်ခံ၏

နေပါဦး ငါကအခုတစ်ယောက်ထဲရန်ဖြစ်နေရတာလား?

"Na jaemin!!"

"ဗျာ!!"

"ဘယ်လိုထူးလိုက်တယ်? "

"ဗျာလို့ ထူးလိုက်တာလေ "

"ကျစ်"

မပြောတော့ဘူး မပြောတော့ဘူး Na jaeminကလိမ်မာယဉ်ကျေးပန်းနုသွေးလေး ငါကလူမိုက်လူရမ်းကား

DaddyWhere stories live. Discover now