[Unicode]
Renjun့ရဲ့တန်ဖိုးရှိလှတဲ့အားလပ်ရက်နေ့လေးမှာ Na jaeminဆိုတဲ့ အလိုက်မသိတဲ့လူကြောင့် renjun့မှာ တစ်နေ့လုံးCindrellaဖြစ်ခဲ့ရပါသည်
'ကိုယ့်အလုပ်တွေ မင်းကဝိုင်းကူပေးတော့ ကိုယ်လည်းသက်သာတာပေါ့'ဆိုတဲ့စကားတစ်ခွန်းနဲ့ တစ်နေ့လုံးcomputerရှေ့ကမထနိုင်အောင်လှိမ့်ပိန့်ပီးသူ့အလုပ်တွေကိုလုပ်ပေးလိုက်ရသည် သက်သက်သူများအပြင်ထွက်မှာစိုးလို့ညစ်တာ! ဟွန်းRenjun ကိုယ်ကိုဆန့်ကာ ခနတာမျှအညောင်းဆန့်နေပြီးမှ ပက်လက်ကလေးလှန်ပြီးစာအုပ်တစ်အုပ်နဲ့အနားယူနေတဲ့လူရဲ့အခန်းဆီဝင်လိုက်သည်
သူကတော့သာယာနေလိုက်တာ!
Renjunစိတ်ပေါက်ပေါက်နဲ့ကုတင်ပေါ်တက်ပြီး သူ့ရဲ့ဗိုက်ပေါ်လှဲကာ လက်ထဲကစာအုပ်ကိုဘေးကိုပုတ်ချလိုက်ပြီး စာဖတ်တာကိုနှောက်ယှက်လိုက်သည်
Jaeminကခပ်တည်တည်ပင်ထိုစာအုပ်ကိုပြန်ယူကာဖတ်နေတာကြောင့် renjunအနည်းငယ်စိတ်တိုသွားရကာ သူ့ရဲ့အကျီကို ရင်ဘက်ထိရောက်အောင်လိပ်တင်လိုက်ပြီး ကြွက်သားအမြှောင်းမြှောင်းနဲ့သူ့ဗိုက်ပေါ်လူးလှိမ့်နေလိုက်သည်
မာလှချည်လားကွ!
Renjunခေါင်းလေးကြွပြီး တစ်ချက်ပြန်ကြည့်လိုက်တော့ ဟုိဘက်ဒီဘက်ဖုဖောင်းထနေတဲ့ကြွက်သားခြောက်ခုကိုတွေ့လိုက်ရ၏
ဒါလား?six packဆိုတာ
ဝိုးး
ဘလင်းဘလင်းဖြစ်နေတဲ့ကြွက်သားတွေကိုမြင်လိုက်ရတာကြောင့် renjunစိတ်တိုတာပင်ကြက်ပြောက်ငှက်ပြောက်ဖြစ်သွားရ၏
ထိုအဖုအဖောင်းကြွက်သားလေးတွေအား renjunလက်နဲ့ခေါက်ကြည့်လိုက် အကျီစနဲ့ပွတ်ကြည့်လိုက်နဲ့စူးစမ်းနေမိသည်
Jaemin renjun့အားခနေလာက်လစ်လျှူရှု့ပြီးစဦးမည်ဟုစိတ်ကူးထားသော်လည်း ကိုယ့်ကြွက်သားတွေကိုထိကိုင်ပြီးလာပွတ်သတ်နေတဲ့အခါမှာတော့ အသည်းယားလာကာ စိတ်မထိန်းနိုင်ပဲထရယ်မိတော့သည်
"ဟား ဟားး! ဘာလဲ ကိုယ့်ကြွက်သားတွေစစ် မစစ် ကြည့်ပေးနေတာလား? "