[Unicode]
J Groupရဲ့အတွင်းရေးမှူးရုံးခန်းတစ်နေရာတွင်
"ကျနော်တို့ သူဌေးကလူပျိုမှ လူပျိုစစ်စစ်ပါဗျာ! ပေါက်တက်ကရဘယ်ကသားရှိရမှာတုန်း "
"....."
"တကယ်ပါဗျာ ရေတောင်မရောပါဘူး "
"အော်! တကယ်ပါဆိုဗျာ! "
"ကျနော်တို့သူဌေးဆီမှာ သားလုံးဝမရှိ...."
ဖုန်းပြန်ဖြေနေတုန်း အရှေ့ကိုရောက်လာသော သူဌေးNa jaeminကြောင့် အတွင်းရေးမှူးဟန် အသံကိုအနည်းငယ်နှိမ့်လိုက်ကာ
"လုံးဝ မရှိဘူး"
အပြတ်ပြောပီးဖုန်းချလိုက်တော့သည်
ဟန်ယောင်မင်းမော့ကြည့်လိုက်တော့ သူဌေးက သူ့ဆီစူးစမ်းသလိုစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရ၏
"သူဌေး! နောက်အစည်းအဝေးသွားတော့မလား?"
"အခုသွားမလို့ထွက်လာတာလေ! "
"အာ! ဟုတ်ကဲ့ ဟုတ်ကဲ့ "
ယောင်မင်းအရှေ့ကစာရွက်တွေအားကောက်သိမ်းလိုက်ကာ သူဌေးနောက်မှာဝင်ရပ်လိုက်ပြီး သူဌေးအားရှေ့မှလျှောက်ဖို့ပြောလိုက်သည်
သူဌေးကနေရာမှမရွေ့ပဲယောင်မင်းဘက်လှည့်လာကာ
"ခုနက ဘယ်သူ့ဖုန်းမို့ တိုးတိုး တိုးတိုးနဲ့ပြောနေရတာလဲ? "
ယောင်မင်းလည်းသူဌေးကိုမလိမ်ချင်တာနဲ့
"ရဲစခန်းကပါဗျာ! သူဌေးရဲ့သားရန်ြဖစ်လို့တဲ့လေ... လူမှားတာနေမှာပါဗျာ! ကျနော်အပြတ်ပြောလိုက်ပြီးပီ သူဌေးစိတ်ထဲထားစရာမလိုတော့ဘူး"
မဲမှောင်သွားသောသူဌေးမျက်နှာကိုကြည့်ကာ ဟန်ယောင်မင်းအနည်းငယ်လန့်သွားရ၏ ငါပြောတာဘာအမှားများပါသွားလို့လဲ
ယောင်မင်းလည်း မှားယွင်းအစွတ်စွဲခံရတာကို သူဌေးစိတ်ဆိုးသွားတယ်အထင်နဲ့
"သူဌေးက လူပျိုစစ်စစ်လို့ ကျနော်သေချာပြောလိုက်ပါတယ် "
"ကျစ်! ခုချက်ချင်းရဲစခန်းကိုဖုန်းပြန်ဆက် "
"ဗျာ?"
"ငါ့ကိုထပ်ပြောစေချင်နေတာလား?"
"မဟုတ် မဟုတ်ပါဘူးဗျာ! အခုချက်ချင်းဆက်လိုက်ပါ့မယ် "
