[Unicode]
နက်ပြာရောင်shirtကိုဂျင်းအပွနဲ့တွဲဖက်ဝတ်ဆင်ကာ အရက်စပ်တဲ့ခွက်ကိုမနားတမ်းလှုပ်ရမ်းနေတဲ့ လက်မှာတော့ အတော်အသင့်စျေးရှိတဲ့လက်ပတ်နာရီအနက်ကလေးကိုပတ်ထား၏
ထိုလူက Renjunလှမ်းကြည့်နေတာသိတော့ သူ့ရဲ့နှုတ်ခမ်းဖူးဖူးလေးတေွကို ကွေးညွတ်လျှက်ပြန်ပြုံးပြလာသည်
ထိုအလှလေးက တခြားသူတော့မဟုတ် အကိုလိုရော သူငယ်ချင်းလိုရောငယ်ငယ်လေးထဲက ခင်ရတဲ့အကိုRayပင်
Rayကrenjunသောက်နေတဲ့ခွက်အလွတ်ကိုထပ်ဖြည့်ပေးကာ
"ငါတစ်ခါလောက်တော့ မင်းမူးတာကိုမြင်ဖူးချင်တယ် "
renjunက ဟားတိုက်ရယ်လျှက်
"ဆုတောင်းနေလိုက် "
Rayက ခပ်လှမ်းလှမ်းကဝိုင်းမှာထိုင်နေတဲ့jaeminကိုတစ်ချက်ကြည့်ပြီးrenjun့ကိုမေးငေါ့ပြလာကာ
"မင်းတို့နှစ်ယောက် ဘယ်တော့လောက်အရင်လိုပြန်ဖြစ်ကြမလဲ? "
Renjunကjaeminကိုတစ်ချက်ကြည့်လိုက်ပြီး ရှေ့ကခွက်ကိုယူမော့သောက်ပစ်လိုက်ကာ
"တစ်နေ့နေ့ပေါ့! "
"အရေးကြီးဧည့်သည်ရောက်တိုင်း ဆိုင်တွေအများကြီးထဲကမှ ဘာလို့အမြဲတမ်းငါ့ဆိုင်မှာတွေ့ဖို့ချိန်းဆိုလဲသိလား? "
"အကိုနဲ့လည်းသူငယ်ချင်းအရင်းကြီးပဲလေ အကို့ဆိုင်ပဲလာမှာပေါ့ "
"ဟ့ မဟုတ်တာ! လာလိုက်တိုင်းလဲ မင်းရှိတဲ့အချိန်ကြီးပဲ "
ရေး(Ray)ပြောချင်တဲ့သဘောကိုrenjunနားလည်သော်လည်း မသိချင်ယောင်ဆောင်ကာ
"ညနေပိုင်းဆို အကို့ဆိုင်ကအရက်ကပိုကောင်းလို့နေမှာပေါ့ "
ဟုတစ်ခွက်ပီးတစ်ခွက်မော့ရင်း ပေါက်ကရလေးဆယ်လျှောက်ဖြေနေသည်
"ငါမပြောတော့ဘူး! "
"......."
Rayကrenjun့အားဖြောင့်ဖျမရတော့ renjun့မျက်နှာကိုကြည့်ကာအပြစ်ရှာလာ၏
"မင်းမျက်နှာကိုကြည့်စမ်း!ဇရပ်ကြနေတာပဲ အမြဲတမ်းဒဏ်ရာကပြတ်တယ်ကိုမရှိဘူး"
