[Unicode]
ကျောင်းပြီးရင် jaeminက companyမှာအလုပ်တစ်နေရာစာပေးမည်ဟုဆိုထားခဲ့ရာ ယနေ့ကတော့renjunဘွဲ့ယူပြီးတဲ့ ၅ရက်မြောက်နေ့ပင် အလုပ်ဝင်ဖို့ရန်အချိန်ကောင်းလေးပင်ဖြစ်သည်
Renjunလည်း အဝတ်ဗီရိုထဲကgucciတွေDiorတွေကိုဘေးတွန်းထုတ်လိုက်ကာ ခရမ်းရောင်ဖျောဖျော့ရိုးရိုးshirtကလေးနှင့် ဘောင်းဘီတိုအဖြူလေးကိုတွဲဝတ်သည် ပြီးနောက် jaeminရဲ့boxထဲမှ စျေးအတော်အသင့်ရှိတဲ့ မျက်မှန်တစ်လက်ကိုယူထုတ်ကာ ကားသော့လေးဆွဲပြီး ကားပါကင်ဆီဆင်းလာလိုက်သည်
ကားအမိုးလေးဖွင့်ကာ သီချင်းလေးတအေးအေးနဲ့မောင်းနေရတဲ့ ကုမ္ပဏီသို့သွားရာလမ်းကလေးကအတော်လေးဖြောင့်ဖြူးနေခဲ့၏VIPများအတွက်သာဆိုတဲ့နေရာမှာ ခပ်တည်တည်ပင် ကိုယ့်ကားကိုပါကင်ထိုးခဲ့ကာ ဧည့်ကြိုကောင်တာဆီအရင်သွားဖို့ပြင်သည်
Na jaeminကြီးကိုsupriseဖြစ်စေချင်တာနဲ့phoneကိုအိမ်မှာထားခဲ့တာကြောင့်ဧည့်ကြိုကောင်တာဆီအရင်သွားရခြင်းဖြစ်ပင်
"ဘာများကူညီပေးရမလဲရှင့်! "
Renjunလည်းဧည့်ကြိုဝန်ထမ်းလေးအားပြုံးပြလိုက်ကာ
"သူဌေးနဲ့တေွ ့ချင်လို့! "
"ကြိုတင်ချိန်းဆိုထားမှု့ရှိလားရှင့် "
"အို့!ကြိုမချိန်းမိဘူး "
"အဲ့ဒါဆို နံမည်လေးပြောခဲ့ပြီး ဟိုရှေ့နားကဆိုဖာမှာစောင့်နေပေးပါရှင်! ကျမတို့ဘက်ကသူဌေးအားမဲ့အချိန်လောက်မှန်းပြီးဆက်သွယ်ပေးထားပါမယ်"
"အိုခေ! ကျနော့နံမည်က Haung renjun!"
"အာ! ဟုတ်ကဲ့ရှင့် "
Renjunလည်းဖော်ဖော်ရွေရွေရှိလှသောကောင်မလေးအားနှုတ်ဆက်ကာ ရှေ့ကခုံမှာဝင်ထိုင်လိုက်သည်
မျက်မှန်ကိုချွတ်ပြီးအကျီမှာချိတ်ကာ ရှေ့ခုံပေါ်မှ အဆောက်အဦးနဲ့မြေကွက်တွေအကြောင်းကြော်ငြာထားတဲ့ မဂ္ဂဇင်းစာအုပ်ကိုကိုင်ပြီး ဟန်ပါပါခြေချိတ်ထိုင်လျှက် ဖတ်ရင်း စောင့်နေလိုက်သည်
အခုငါ့ပုံစံကအရမ်းစတိုင်ကျနေမှာပဲ!
Renjun့မျက်လုံးက စာအုပ်မှာရှိနေပေမဲ့အတွေးတေွကတော့ဆန့်ကျင်ဘက်ပင်
ငါဟိတ်ဟန်ထုတ်လာတာလုံလောက်ရဲ့လား? အဲ့လိုအာရုံစိုက်ခံရမှန်းသာသိရင် ဒီထက်ပိုပီးစျေးကြီးတဲ့ဟာဝတ်လာခဲ့တာပေါ့
