[Unicode]
ဟာဇတ်ထိုနေရာကိုရောက်တော့ ရိုက်နှက်ခံထားရတဲ့ဖေဖေ့ရဲ့လူတွေနဲ့သေွးအလိမ့်လိမ့်ဖြစ်နေသောဖေဖေ့ကိုတွေ့လိုက်ရ၏
ဟာဇတ်လည်းပါလာတဲ့လူတွေအား
"သွားကြစမ်း! ကိုယ့်လူတွေကယ် "
"ဟုတ်ကဲ့! "
ဟာဇတ်တို့ရင်ဆိုင်နေရတဲ့အဖွဲ့မှာသာမန်ကိုယ်ရံတော်မျိုးမဟုတ်လေတော့ ကိုယ့်ဘက်ကလူတွေချည်းအထိနာနေ၏
ဟာဇတ်လည်း ကိုယ့်လူတွေနဲ့ထိုလူတွေတိုက်ခိုက်နေသည်ကိုအခွင့်ကောင်းယူကာ ဖေဖေ့အနားအလျှင့်အမြန်ချည်ကပ်သွားလိုက်သည်
အနားရောက်မှ
"ဖေဖေ!"
"ဟာဇတ်"
ဟာဇတ်လည်းဖေ့ဖေ့အားဆွဲထူလိုက်ကာ
"ဖေဖေ! ဒီနေရာကနေအမြန်ဆုံးထွက်သွားရအောင် "
ရီဘန် ဆွဲထူနေသောဟာဇတ်ရဲ့လက်အားဆွဲထားလိုက်ကာ
"Na jaeminရဲ့သား!"
"ဘယ်သူ?"
"Na jaeminရဲ့သား!အပေါ်မှာ! "
Na jaeminရဲ့သားဆိုတာနဲ့ တည်တင်းသွားတဲ့သားမျက်နှာကိုကြည့်ကာ ရီဘန်စိတ်ထဲအနည်းငယ်ပျော်သွားသည် Haung renjunကြောင့် ဟာဇတ်na jaeminအားဘယ်လောက်တောင်မုန်းနေမှန်းရီဘန်သိထားသည် ဒီအချိန်ကတစ်ချက်ခုတ်နှစ်ချက်ပြတ်အခွင့်အရေးကိုအကောင်းဆုံးအသုံးချရမဲ့အချိန်ပင် ...
"သူ ဖေဖေ့ကို ဒီလိုဖြစ်အောင်လုပ်ခဲ့တာလား?"
"သတ်!"
"ဖေဖေ ဒီမှာခနမှီနေဦး!"
ဟာဇတ်ဖေဖေ့အား ခုံဘေးအကွယ်မှာ မှီနေစေကာ အပေါ်ထပ်ကိုခြေလှမ်းကျဲကြီးတေွနဲ့ပြေးတက်သွားလိုက်သည်
Na jaeminရဲ့သား! မင်းကများရာရာစစ မင်းကများ!ငါ့အဖေကိုရာရာစစ!
ဟာဇတ် Na jaeminကိုမုန်းသည်
Haung renjunပေျာက်သွားခဲ့ရတာအဲ့ဒီ့ကောင်ကြောင့်မှန်းဟာဇတ်သိသည် အဲ့ဒီ့ကောင်သာဝင်မရှုပ်ရင် Haung renjunကဖေဖေ့ဘေးနားမှာ ဟာဇတ်ရဲ့မျက်လုံးအောက်မှာပဲရှိနေခဲ့မှာပင်