[Unicode]
Renjunကစိတ်ကြိုက်ထုပြီး အားရကာမှ jaeminကျောကိုပွတ်သက်ပေးကာပြန်လွှတ်ပေးလာ၏
Renjun့လက်ကလွတ်သွားသည်နှင့် jaemin renjun့ရဲ့နှဖူးလေးအားဖွဖွဖိတောက်လိုက်ကာ
"တော်ရုံပဲကိုယ့်ကိုအနိုင်ကျင့်! "
"ဟွန်း "
Renjunကနှုတ်ခမ်းကိုမဲ့ပြလျှက် တစ်ဖက်ကိုလှည့်ကာ ထိုင်ခုံခါးပတ်ကိုဆွဲထုတ်နေရင်း
"ဒါနဲ့! မင်း ငါမေးတာမဖြေရသေးဘူးနော်"
"သိပ်ပြီးအရေးကြီးတာတော့မဟုတ်ပါဘူး ကျောင်းရဲ့အားကစားရုံအသစ်ဆောက်ပေးပို့ professorကြီးကတောင်းဆိုလာလို့! "
"ဘာ!ကျောင်းရဲ့ရန်ပုံငွေတွေလဲရှိရဲ့သားနဲ့ သူက မင်းဆီကငွေညှစ်ချင်နေတာပဲ မပေးနဲ့နော်လုံးဝပဲ "
"ကိုယ်မပေးရင် မင်းမျက်နှာငယ်နေရမှာပေါ့ ...ကိုယ်ပေးဖို့ပြောခဲ့ပြီ "
Jaeminရဲ့စကားကြောင့်renjun့ရင်ထဲထိသွားရကာ
"မင်းကအရမ်းကောင်းတာပဲ "
ပြောပြီးသည်နှင့် renjun့လက်နှစ်ဖက်ကjaeminမျက်နှာအားအရှေ့သို့ဆွဲယူကာ နှုတ်ခမ်းချင်းအပ်စေ၏
ဦးဆောင်သူကrenjunဆိုပေမဲ့ တဖြည်းဖြည်းပြန်ဖိနှိပ်လာတဲ့jaeminရဲ့နှုတ်ခမ်းတေွကြားမှာrenjunအသက်ရှူမဝသလိုမောဟိုက်လာရ၏
"တော်တော့! "
ရင်ဘက်ကိုတွန်းကာ ရပ်တန့်ဖို့ပြောလိုက်ပေမဲ့ jaeminကrenjun့အား သူ့ပေါင်ပေါ်ဆွဲတင်ကာ မကြားသလို ဆက်နမ်း၏
Renjunလည်း jaeminလည်တိုင်ကိုခိုလျှက် အနမ်းတွေကိုဆက်လက်တုန့်ပြန်လိုက်သည်
Jaeminရဲ့လက်တွေ renjun့ရဲ့အဖြူရောင်ရှပ်လေးထဲအရောက်မှာတော့ အချိန်ကိုက်ပင်
"ဒေါက် ဒေါက်!"
Renjun jaeminကိုတွန်းထုတ်ကာနေရာမှာပြန်ထိုင်လိုက်ပြီး
"ဒုက္ခပါပဲ !တစ်ယောက်ယောက်မြင်သွားပြီလားမသိဘူး "
Renjunကသာစိုးရိမ်တကြီးနဲ့အကျီကိုပြုပြင်ယူနေသော်လည်း jaeminကတော့အေးဆေးပင် အပြင်ကနေအထဲကိုမရမကချောင်းကြည့်နေတဲ့တစ်ယောက်ကိုကြည့်လျှက်