3🔞

9.8K 449 20
                                    


မဂ်လာပွဲကိုအကြီးအကျယ်မကျင်းပဘဲ လက်မှတ်ထိုးပြီး weeding photoအနည်းငယ်သာရိုက်ခဲ့တယ်..ဝန်ကြီးချုပ်ကကောင်လေးနဲ့လက်ထပ်တယ်ဆိုတာရာယ်..တက္ကသိုလ်ကျောင်းသားလေးကလဲ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်တယ်ဆိုတဲ့သတင်းက အဆင်မပြေ...ဒါကြောင့် လူမသိသူမသိ‌ ရှေ့နေကိုသာ သက်သေထား၍ ကတိလက်မှတ်ထိုးခဲ့ကြတယ်..

ရှောင်ကျန့်က အိပ်ခန်းထဲက weeding photo ကိုကြည့်ပြီး ပြုံးမိတယ်..

*ဒါသတို့သားတွေလား စိတ်ကောက်နေတဲ့ညီအစ်ကိုတွေလား*

ဒီနေ့ညကတော့ ပြောရမယ်ဆိုမဂ်လာဦးညပေါ့..ရှောင်ကျန့် ဘာမှ မျှော်လင့်ပါဘူး သူ့ကိုပိုင်ဆိုင်ရတယ်ဆိုတာနဲ့တင် ကျေနပ်ပါတယ်လေ.အခုလဲ ရှောင်ကျန့်ကိုယ်တိုင်ပဲ ကားတစ်စီးနဲ့ သုံးမကုန်နိုင်တဲ့ Visa ကဒ်တစ်ကတ်ပေးထားတယ် ထိုကောင်ငယ်လေးက အပြင်ထွက်သွားတာ မိုးချုပ်တော့မယ်ပြန်မလာသေးဘူး...ရှောင်ကျန့် အပြုံးမပျက်ပါဘူး ဒီကောင်လေးကို သူအရမ်းချစ်မိသွားပြီဆိုတာ သေချာသလောက်ကိုဖြစ်နေပြီ..သူချစ်တဲ့ ကောင်လေးကိုဒီအတိုင်း လွှတ်ထားတာတော့ မဟုတ်ပေ။
----
"သူဘာလုပ်နေလဲ"

"ကားပတ်မောင်းနေတယ် boss"

"ဒါပဲလား"

"ခုနကတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းဝင်စားနေတယ်"

"ငါသိပြီ"

ရှောင်ကျန့် သဘောကျစွာပြုံးလိုက်ပြီး ကိုယ်လက်သန့်စင်ကာ အိပ်ရာဝင်ရန်ပြင်လိုက်တယ် ထိုစဉ်ခြံထဲမှာကားသံကြားလိုက်ရသဖြင်ကောင်လေးပြန်လာပြီဆိုတာသိလိုက်တယ်ခနနေတော့ ဝမ်ရိပေါ်အခန်းထဲဝင်လာသဖြင့်...

"ပြန်ရောက်ပြီလား"

ဝမ်ရိပေါ်က ဘာမှ မပြောပဲ အရှေ့တိုးလာပြီး..

"ခင်ဗျား ဘယ်တော့မှ နောင်တမရမှာသေချာလား"

ရှောင်ကျန့်က ဖြေးညှင်းစွာခေါင်းညိမ့်ပြတယ်...ရိပေါ်ကခပ်ညစ်ညစ်ပြုံးလိုက်ပြီး
.
"ကျုပ်နဲ့ ဆက်ဆံချင်တာလား"

ရှောင်ကျန့်မျက်နှာကွက်သွားတာ ရိပေါ်သတိထားမိတယ်..
ဒါပေမယ့် သူအေးဆေးစွာပဲပြန်ပြောတယ်..

Rough! 🔞(Completed)Where stories live. Discover now