Unicode font
ဒဏ်ရာကိုယ်စီ [ Momma's boy ]
အပိုင်း ( ၄ )အခန်း ( ၅ )
"ဒီမှာ… ဒီအင်္ကျီလေးက မယ်ဝယ်ပေးတာ၊ ဗျူးတီးတစ်ထည်၊ သားတစ်ထည် ကြိုက်တာယူဆိုတော့ ဆင်တူလေးယူခဲ့တာ… လှလားဟင်"
မြသားသည် မယ်တင့်တယ်တို့ကို အတော်ကြီးကို ခင်တွယ်နေပုံရသည်။ အဖေ စိတ်ဝင်စားနေတဲ့ အမျိုးသမီးမှန်း မသိလို့ ခင်တွယ်နေတဲ့ပုံပင်။ သူသာ စိတ်ဝင်စားနေမှန်းသိရင် ဘယ်လိုတုံ့ပြန်မလဲ မခန့်မှန်းတတ်တော့။ စိတ်ထဲရှိတဲ့အတိုင်း ပြောဆိုဆက်ဆံတတ်လွန်းလို့ မယ်တို့နဲ့ ပြဿနာဖြစ်မှာကို စိုးရိမ်နေခဲ့မိပေမယ့် စိတ်ရှင်းရှင်းထားတတ်တဲ့ ဂျစ်တူးလေးဟာ အခုအချိန်ထိတော့ ဘာပြဿနာမှ သယ်မလာသေးပေ။
Shopping ထွက်ပြီး ဝယ်လာသမျှတွေကို ကလေးတစ်ယောက်လို တစ်ခုပြီးတစ်ခု ထုတ်ကြွားနေလို့ ထိုင်ကြည့်ပေးနေရသည်။ အသက်က ဆယ့်ရှစ်နှစ်ရှိပြီဆိုပေမယ့် ကလေးစိတ်က မပျောက်သေးသလို အရပ်ရှည်ရှည်နဲ့ မော်ဒယ်လ်လေးတစ်ယောက်လို လှပေမယ့် တကယ့်အပျိုလေးတွေလို ရှိုးမထုတ်တတ်သေးပါ။ မျက်နှာလေးက ကိုယ်လုံးနဲ့မလိုက် ကလေးတစ်ယောက်လို နုနုဖပ်ဖပ်လေးသာ ရှိသေးပါသည်။
"အန်တီက ဒီဟာလေး ဝယ်ပေးတာ၊ အဟီး… ခင်တာတောင် မကြာသေးဘူး၊ မုန့်လည်းကျွေးတယ်၊ အင်္ကျီတွေလည်း ဝယ်ပေးတယ်၊ သား အရမ်းချစ်ဖို့ ကောင်းလို့ ထင်တယ်နော်"
မိုးတိမ် သမီးဖြစ်သူကို ချစ်စနိုးကြည့်ရင်း ပြုံးလိုက်မိသည်။ မြသားဟာ မယ်တင့်တယ်တို့ သူ့ကို အရမ်းချစ်စေချင်ပုံရသည်။ တစ်ဦးတည်းသောသမီးအနေနဲ့ အလိုလိုက်ခံ၊ အချစ်ခံကာ နေလာပြီးမှ မောင်လေးတွေရလာတော့ အရင်လိုဂရုမစိုက်နိုင်တော့တဲ့ မိဘတွေကြောင့် မေတ္တာငတ်ခဲ့ပုံပင်။ ဒါတွေက သူရဲ့ပေါ့လျော့မှုကြောင့်လည်း ပါပါတယ်လေ။
မြသားကို အရွယ်ရောက်နေပြီဆိုပြီး ငွေကြေးထောက်ပံ့ပေးရုံကလွဲပြီး ဘာမှမဝယ်ပေးခဲ့တော့။ သူ့ဘာသာကြိုက်နှစ်သက်ရာ ဝယ်ပါစေဆိုပြီး မရီးဖြစ်သူထံသို့ ပိုက်ဆံပဲလွဲပေးခဲ့တာ ငါးနှစ်လောက်ရှိပါပြီ။ အရင်က ခရီးထွက်တိုင်း မေမေအတွက်သာမက သမီးအတွက်ပါ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေ ဝယ်လာမြဲ။ မြသားအတွက်ကတော့ ရန်ကုန်ကနေပါ ကြုံရင်ကြုံသလို ဝယ်ပြီးပို့ပေးခဲ့ပါသည်။
YOU ARE READING
1️⃣1️⃣ ဒဏ်ရာကိုယ်စီ [ Momma's boy ]
Romanceလူတွေရဲ့ဘဝဟာ အစစအရာရာ ပြည့်စုံတယ်လို့ ထင်ရပေမယ့် အခြားလူတွေမသိခဲ့တဲ့ အားနည်းချက်၊ စိတ်ခံစားမှုတွေ၊ လူသိမခံရဲတဲ့ Dark side တွေ၊ ဖုံးဖိချင်ထားတဲ့ကိစ္စရပ်တွေ စသဖြင့် အမျိုးမျိုးသော အကြောင်းအရာများနှင့် လိုရာဆန္ဒတွေ လုံးဝပြီးပြည့်စုံပြီး အမြဲစိတ်ချမ်းသာ...