အပိုင်း ( ၁၉ )

2K 94 4
                                    

Unicode font

ဒဏ်ရာကိုယ်စီ [ Momma's boy ]
အပိုင်း ( ၁၉ )

အခန်း ( ၃၅ )

"ဒက်ဒီ သား ပြောစရာရှိတယ်"

ဒက်ဒီနဲ့ မနက်စာအတူ စားနေချိန်တွင် ပြောလိုက်တော့ ဒက်ဒီက ခေါင်းညိတ်ပြရုံသာ။ မာမီနဲ့တွေ့ဆုံခဲ့ပြီးတော့ ဒက်ဒီကို အရမ်းအားနာမိပါသည်။ ဒက်ဒီဘဝကို အသုံးချရုံမက ကလေးကိုပါ ပစ်ထားခဲ့ပြီး ကျွေးမွေးစောင့်ရှောက်ခိုင်းခဲ့တာ အားနာမှုမရှိတဲ့အပြင် အခုမှလာပြီး အဆက်အသွယ် မပြတ်ပဲ နေကြရအောင်ဆိုတော့။ မာမီသည် နှစ်ပေါင်းများစွာ ကိုယ့်စိတ်ကြိုက် ထင်သလိုနေခဲ့ပြီးမှ သူများဘဝကို ဝင်နှောက်ချင်ပြန်သေးသည်။

"မနေ့က မာမီနဲ့ တွေ့ခဲ့တယ်"
"အင်း… သိတယ်၊ သန့်သီရိ ဖုန်းဆက်ခဲ့တယ်"

ဒက်ဒီဟာ ထိုသို့သောလူသားပါ။ သားသာ စမပြောရင် မာမီဖုန်းဆက်ကြောင်းကို ဘယ်တော့မှ ပြောတော့မည် မထင်။ ဒီလို မလှုပ်တလှုပ်၊ မြုံစိစိနဲ့လူက မိန်းမလှလှလေးတော့ ရချင်သေး။ မျက်စောင်းထိုးလိုက်လို့ ဒက်ဒီက ရယ်နေသည်။

"သမီးနဲ့ အဆက်အသွယ် လုပ်ချင်လို့တဲ့၊ ဒက်ဒီ ခွင့်ပြုလိုက်တယ် သမီး၊ သမီးမာမီကို စိတ်နာနေတာလား၊ မနာပါနဲ့၊ ဒက်ဒီတို့ ကိစ္စက သမီးနဲ့မှ မဆိုင်တာ"
"မဆိုင်လို့ ပိုပြီးစိတ်နာဖို့ ကောင်းတာမဟုတ်ဘူးလား၊ အဖွားနဲ့ ဒက်ဒီကို မကျေနပ်တာနဲ့ သားကို ပစ်ထားတာ ဖြစ်သင့်ရဲ့လား၊ တကယ်တော့ နောက်အိမ်ထောင်နဲ့ မိသားစုနဲ့ သာယာနေလို့ မေ့နေတာလေ၊ ဒီကို ခဏပြန်လာတာတောင် သားကို အချိန်ပေးပြီး လာတွေ့ခဲ့လို့လား၊ မတော်တဆ တွေ့လို့သာ နှုတ်ဆက်တာပါ၊ သားအမိလို့သာ ပြောတာ၊ သူစိမ်းတွေထက်တောင် ပိုစိမ်းသေးတယ်"
"အဲ့လို မဟုတ်ပါဘူး၊ သူက သမီးကို လာတွေ့ချင်ပါတယ်၊ ဖွားဖွားနဲ့ ရင်မဆိုင်ချင်လို့သာ လာမတွေ့ခဲ့တာပါ၊ လူကြီးတွေကိစ္စမှာ သမီးက မြေစာပင်ဖြစ်ခဲ့ရတာ၊ ဘာပဲဖြစ်ဖြစ် သမီးကို မွေးခဲ့တဲ့အမေပဲလေ၊ စိတ်မနာပါနဲ့တော့၊ သူက မနက်ဖြန် ပြန်တော့မှာ၊ သမီး တွေ့ချင်ရင် သွားတွေ့နော်"
"မတွေ့ချင်ဘူး ဒက်ဒီ၊ သမီးရုံးတက်ရမှာ"
"အင်း… သူလည်း နေ့ခင်းပိုင်းမှာ ရှေ့နေနဲ့ အလုပ်ရှုပ်နေမယ် ထင်တယ်၊ သမီးအတွက် အမွေခွဲပေးခဲ့မယ်တဲ့၊ ညနေပိုင်းရုံးဆင်းချိန် ဝင်တွေ့ရင်တွေ့ပေါ့"

1️⃣1️⃣ ဒဏ်ရာကိုယ်စီ [ Momma's boy ]Donde viven las historias. Descúbrelo ahora