Unicode font
ဒဏ်ရာကိုယ်စီ [ Momma's boy ]
အပိုင်း ( ၅ )အခန်း ( ၇ )
အားပါး… အဖွားရဲ့အိမ်ကြီးက မိုက်လှချည်လား။ ဆောက်ထားတာ နည်းနည်းကြာပုံရပေမယ့် အိမ်ပုံစံက ပုံတုံးကြီး ဖြစ်မသွားသေး။ ပြုပြင်ထိန်းသိမ်းတတ်တော့ ခေတ်မှီကာ သစ်လွင်နေသေးသည်။ သားမှာ ကားပေါ်ကနေ တစ်ခြံလုံးကို ပြူးပြဲကြည့်နေမိသည်။ ဒီအသက်အရွယ်အထိ အဖေရဲ့မိဘတွေ ဒီလောက်ထိ ချမ်းသာမှန်း မသိခဲ့ပါ။ ဒါကြောင့်ပဲ လူတန်းစေ့နေနိုင်ရုံအမေ့ကို သူ့သားကို အပိုင်ဖမ်းတယ်လို့ စွပ်စွဲကာ သဘောမတူခဲ့တာ နေမှာပေါ့လေ။
ချမ်းသာတဲ့လူတွေများ လူအချင်းချင်းကို အဆင့်အတန်းခွဲခြားပြီး ရှာကြံမောက်မာနေကြတာ အမြင်ကတ်ဖို့ ကောင်းပါသည်။ အဖေဟာ သူဌေးသားဖြစ်ရက်နဲ့ အမေနဲ့ယူလိုက်လို့ အတော်ပင်ပန်းရတာပါလားဆိုတာ တွေးမိပြီး အဖေ့ကို သနားလာသလိုပင်။ ဒီစည်းစိမ်ဥစ္စာတွေကို စွန့်ပစ်ပြီး အမေ့ကို လက်ထပ်ခဲ့တာဆိုတော့ တော်တော်ချစ်လို့ နေမှာပေါ့လေ။
သားက တောကျီးကန်းလေးလို ခေါင်းတွေလည်ကာ မြင်မြင်သမျှ လျှောက်ကြည့်နေလို့ ဒက်ဒီက ရယ်နေခဲ့သည်။ အိမ်ထဲရောက်မှ ပိုပြီးချမ်းသာမှန်း သိရပြန်သည်။ ကော်ဇောတွေ၊ ပရိဘောဂ၊ အိမ်အသုံးအဆောင် ပစ္စည်းများကအစ နိုင်ငံခြားမှ တင်သွင်းထားသော အကောင်းစားပစ္စည်းတွေမှန်း သိသာပါသည်။ စားပွဲပေါ်မှာ ပန်းထိုးထားသော ကြွေပန်းအိုးကအစ။ ကြည့်တာနဲ့တင် ဈေးမသေးမှန်း ခန့်မှန်းလို့ရသည်။ ဧည့်ခန်းထဲ၌ အေးစိမ့်နေပေမဲ့ သားတို့အိမ်လိုမျိုး နံရံပေါ်မှာကပ်ထားတဲ့ Air con အလုံးကြီးကိုလည်း မတွေ့ရ။ ခေတ်မှီလိုက်ပုံများ။ သားမှာ ခြေစုံရပ်နေပေမယ့် မျက်လုံးတွေကတော့ လိုက်လံစပ်စုနေမိသည်။
"မြသား… လာလေ၊ ဖွားဖွားက အခန်းထဲမှာ ထင်တယ်"
ဒက်ဒီ ပြောနေစဉ်မှာပဲ အမျိုးသမီးတစ်ဦး အိပ်ခန်းထဲမှ ထွက်လာခဲ့လို့ ကြည့်လိုက်တော့ အ့ံဩသွားရသည်။ ဒါ အဖွားလား။ အဖွားဟာ တော်တော်နုပျိုသူကြီးပါ။ ဓါတ်ပုံထဲမှာတော့ လွန်ခဲ့သော ဆယ့်ရှစ်နှစ်လောက်ကမို့ နုသေးပေမယ့် အခုတော့ တော်တော်လေး အိုမင်းနေလောက်ပြီလို့ ထင်ခဲ့မိသည်။ သို့သော် ဓါတ်ပုံထဲကနဲ့ အရမ်းကြီး ခြားနားမသွားခဲ့။
KAMU SEDANG MEMBACA
1️⃣1️⃣ ဒဏ်ရာကိုယ်စီ [ Momma's boy ]
Romansaလူတွေရဲ့ဘဝဟာ အစစအရာရာ ပြည့်စုံတယ်လို့ ထင်ရပေမယ့် အခြားလူတွေမသိခဲ့တဲ့ အားနည်းချက်၊ စိတ်ခံစားမှုတွေ၊ လူသိမခံရဲတဲ့ Dark side တွေ၊ ဖုံးဖိချင်ထားတဲ့ကိစ္စရပ်တွေ စသဖြင့် အမျိုးမျိုးသော အကြောင်းအရာများနှင့် လိုရာဆန္ဒတွေ လုံးဝပြီးပြည့်စုံပြီး အမြဲစိတ်ချမ်းသာ...