အပိုင်း ( ၃ )

2K 97 0
                                    

Unicode font

ဒဏ်ရာကိုယ်စီ [ Momma's boy ]
အပိုင်း ( ၃ )

အခန်း ( ၃ )

မိုးတိမ် ဖုန်းချပြီးနောက် စဉ်းစားနေမိသည်။ မနက်ကမှ ရောက်လာတဲ့ မြသားဟာ မယ်တင့်တယ်တို့ အခန်းက ဘယ်သူနဲ့သိလို့ အလည်သွားနေရတာလဲ။ မယ်တင့်တယ်နဲ့ မသိတာတော့ သေချာပါသည်။ သိရင် မနက်ကတည်းက နုတ်ဆက်ပြီးလောက်ရောပေါ့။ အခုမှပဲ သတိရသွားမိပြန်သည်။ မနက်က မြသားက ဒက်ဒီလို့ အကျယ်ကြီး အော်ခေါ်လိုက်လို့ သူ့ကို လူပျိုမဟုတ်မှန်း မယ်တင့်တယ် သိသွားလောက်ပြီပေါ့။ နီးစပ်ဖို့ ကြိုးစားပါမှ အဝေးကြီးဝေးတော့မယ့်အဖြစ်။

"ဒက်... အဟီး... သား ထမင်းစားပြီးပြီ၊ နှစ်နာရီလောက်မှ ပြန်လာမယ်ဆိုလို့ သူများအိမ်သွားလည်နေတာ"

သားသည် စကားပြောနေရင်း ဒက်ဒီနဘေးနား ဝင်ထိုင်ကာ ဒက်ဒီပုံစံကို အကဲခတ်လိုက်မိသည်။ ဒီကို ရောက်တာ တစ်ရက်တောင် မရှိသေး၊ အိမ်လည်နေပြီလို့ ထင်နေမလား မသိ။

"အင်း... မြသားက အဲ့ဒီအိမ်လူတွေနဲ့ သိလို့လား"

ထင်တဲ့အတိုင်း မေးလေပြီ။

"သိတယ်လေ၊ လွန်ခဲ့တဲ့ နာရီပိုင်းကမှ Lift အတူစီးရင်း ခင်သွားတာ"

Lift အတူစီးရင်း ခင်သွားတာတဲ့လား။ သူကတော့ မယ်တင့်တယ်နဲ့ အတူစီးခဲ့ကြပေမယ့် စကားတောင် တစ်လုံးမှ မပြောဖြစ်ခဲ့။

"သူတို့က အရမ်းခင်ဖို့ကောင်းတယ် သိလား ဒက်၊ သားအမိနှစ်ယောက်ပဲနေတာ ထင်တယ်၊ဒေါ်မယ်တင့်တယ်နဲ့ သူ့သမီးက ဗျူးတီးတဲ့"

မယ်တင့်တယ်ရဲ့သမီး... ။ ဪ သူ့သူငယ်ချင်းရဲ့သမီးဖြစ်မှာပါ။

မြသား မျက်မှောင်ကုပ်သွားသော ဖခင်ကြီးကို သေချာအကဲခတ်နေမိသည်။ မယ်မယ်ကို သိပြီးသားဖြစ်မှာပါ။ အနောက်ကနေ မျက်လုံးကြီး ကျွတ်ကျမတတ်တောင် လိုက်ငမ်းနေခဲ့သေးတာပဲ။ အိမ်ထောင်ရှိမှန်းကို မသိတာလား။ မယ်မယ့်သမီးတောင် ဆယ်တန်းအောင်ပြီးပြီကို။ ဒါမှမဟုတ် သား သူများအိမ်လည်တာကို မကြိုက်လို့လား။

"မယ်မယ်က မသိရင် အပျိုလေးကျနေတာပဲ၊ အသားဖြူဖြူလေးနဲ့ လှလဲလှတယ်၊ ဗျူးတီးကတော့ အဖေနဲ့တူတာလားမသိဘူး၊ အသားနည်းနည်းညိုပေမယ့် ချစ်စရာလေး"

1️⃣1️⃣ ဒဏ်ရာကိုယ်စီ [ Momma's boy ]Onde histórias criam vida. Descubra agora