အပိုင်း ( ၁၆ )

1.6K 88 0
                                    

Unicode font

ဒဏ်ရာကိုယ်စီ [ Momma's boy ]
အပိုင်း ( ၁၆ )

အခန်း ( ၂၈ )

မယ်နှင့်ကြာညိုတို့ အိမ်ပြန်ရောက်တော့ ဗျူးတီးက ဆီးကြိုကာ ပြောသည်။

"မယ်မယ်… မယ့်နာမည်နဲ့ လာပို့သွားတာ၊ သမီးလည်း ဘယ်နားထားရမယ်မှန်းမသိလို့ အဲ့နားမှာပဲ ထားခိုင်းလိုက်တယ်၊ စင်က ဘီးပါတော့ တွန်းလိုက်ရုံပါပဲ"

ဗျူးတီး ပြတဲ့ပန်းစင်ကို ကြည့်၍သက်ပြင်းချကာ အခန်းထဲ ဝင်ခဲ့တော့သည်။ ကိုမိုးတိမ်ဟာ သူ့ကိုစိတ်ဆိုးလိုက်လို့ အပင်တွေသာမက ပန်းစင်နဲ့တကွ အများကြီး ပို့လာပြန်ပြီ။ အပင်တွေကို ချစ်ပေမယ့် ဆက်ပြီး လက်မခံချင်တော့။ သူနဲ့ ဘယ်လိုပတ်သက်မှုမျိုးမှ မရှိတာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။

အိတ်ထဲက ဖုန်းကိုထုတ်ကာ ဖုန်းဆက်ပြီး ပြောသင့်၊ မပြောသင့် စဉ်းစားနေမိပြန်သည်။ ပြောလိုက်ရင် အရမ်းဝမ်းနည်းသွားမလားဆိုပြီး သူခံစားရမှာကို စိုးရိမ်မိပြန်သတဲ့။ ဒီအရွယ်ကြီးနဲ့ ခံစားရလဲ ခဏပေါ့။ ဘာပဲဖြစ်ဖြစ် ပြောသင့်တာတွေတော့ ပြောရပါမည်။ ဆုံးဖြတ်ချက်ချကာ ဖုန်းကို ဖွင့်ကြည့်လိုက်တော့ message တွေအများကြီး ရောက်နေတာတွေ့လို့ အရင် ဖွင့့်ကြည့်လိုက်သည်။ သူပို့ထားတယ်ဆိုတာ သိပြီးသား ဆိုပေမယ့်။

"မယ်… ကားမောင်းရင်း မငိုရဘူးလေ၊ တစ်ခုခုဖြစ်မှာ စိုးရိမ်လို့ပါ"
"မငိုနဲ့တော့လို့၊ အရမ်းစိတ်မကောင်းဖြစ်သွားတာလား"
"ငိုချင်ရင်လည်း ကားကိုလမ်းဘေးချရပ်ပြီး အေးအေးဆေးဆေး ငိုလိုက်ကွာ၊ ကိုယ် တကယ်စိတ်ပူတယ်"
"ရောက်ပြီဆိုတော့ ကိုယ် ပြန်ပြီနော်၊ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အချိန် စိတ်ညစ်စရာတွေ မတွေးနဲ့တော့၊ ရယ်စရာတွေ ပြောပြီး ပြန်ခဲ့နော်၊ ကားကောင်းကောင်းမောင်း"
"မယ်ချစ်တဲ့ အပင်လေးတွေ ပို့ပေးလိုက်တယ်၊ အဲ့ဒီအပင်လေးတွေ ကြည့်ပြီး စိတ်ရှုပ်စရာတွေ ပြေပျောက်သွားရင် ကောင်းမယ်၊ ဒီညတော့ မငိုနဲ့တော့နော်"

မယ်သည် message များကို ဖတ်ပြီး အ့ံဩနေမိသည်။ သူ… အနောက်က လိုက်လာတာပေါ့လေ။ မယ်သည် ကိုယ့်အာရုံနဲ့ကိုယ်ဆိုတော့ ဘေးပတ်ဝန်းကျင်ကို သတိမထားမိတော့။ သူ့ ကားပါလာတာကို သိကိုမသိခဲ့။

1️⃣1️⃣ ဒဏ်ရာကိုယ်စီ [ Momma's boy ]Where stories live. Discover now