အပိုင်း ( ၁၇ )

1.5K 84 1
                                    

Unicode font

ဒဏ်ရာကိုယ်စီ [ Momma's boy ]
အပိုင်း ( ၁၇ )

အခန်း ( ၃၁ )

အဖွားနဲ့ပတ်သက်လို့ တစ်ခွန်းမှ မပြောတော့တဲ့ မြသားသည် ရုတ်တရက်ကြီး ပြဿနာထရှာခဲ့ပါသည်။

"မိုးတိမ်… အခု ချက်ချင်း အိမ်ကိုလာခဲ့၊ မြသား အိမ်မှာ ရောက်နေတယ်"

မိုးတိမ်မှာ မေမေဖုန်းဆက်ခဲ့လို့ အလုပ်တွေအားလုံးပစ်ကာ အပြေးအလွှား လာခဲ့ရသည်။ ကားမောင်းနေရင်း စကားမများကြပါစေနဲ့လို့ ဆုတောင်းနေရသည်။ ကိုစကြတို့ လာသွားတယ်ဆိုတာသိပြီး သိပ်မကြည်ချင် ဖြစ်နေချိန်မှာ မြသားက သွားတွေ့တော့  ပိုပြီးစိတ်ဆိုးဒေါသဖြစ်မှာ မလိုလားပါ။ မေမေ ဒေါသထွက်ပြီး ငါ့မြေးမဟုတ်ဘူးဆိုပြီး ထပ်ပြောလိုက်ရင် ဒုက္ခ။

သားကိုတွေ့တာနဲ့ ဒေါသတကြီး ဒက်ဒီဆီကို ဖုန်းဆက်ခေါ်စရာ လိုလို့လား။ ခဏစကားပြောပြီး ပြန်ဖို့ လုပ်ထားတာကို။ ဒေါ်ဝဠာခင်ခင်ဆိုတဲ့ သားရဲ့အဖွားဟာ ခန့်ခန့်ထည်ထည်ကြီးနဲ့ ကျက်သရေရှိသလောက် စိတ်ထားက ကလေးဆန်လွန်းလှသည်။ ကောင်းကောင်းမွန်မွန် ပြောဖို့လာခဲ့ပေမယ့် အဖွားရဲ့ဆက်ဆံပုံက အရွဲ့တိုက်ချင်စိတ်ကို နိုးဆွပေးခဲ့ပါသည်။

မြေးအဖွားနှစ်ယောက်သား ဧည့်ခန်းထဲတွင် မျက်နှာချင်းဆိုင် ထိုင်နေရင်း တစ်ယောက်ကိုတစ်ယောက် မကျေနပ်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြလေသည်။

"နင် အိမ်ထဲကို ဘယ်လိုဝင်ခဲ့တာလဲ"
"ဘယ်လိုဝင်ရမှာလဲ၊ ခြံစောင့်ဦးလေးကြီးက သားကို အဖွားရဲ့မြေးမှန်းသိနေတာကို"
"ဒီအိမ်ကလူတွေကလည်း တွေ့ရာလူကို တံခါးဖွင့်ပေးရလား၊ နောက်ဆို မဖွင့်ပေးဖို့ သေချာမှာထားရဦးမယ်"
"မှာရဲမှာထားကြည့်လေ… အဲ့ဒီခြံစောင့်တွေလည်း တံခါးမဖွင့်ပေးပဲ နေကြည့်ပေါ့၊ အလှူအတန်း ရက်ရောတဲ့ ဘုရားအမ၊ ကျောင်းအမ ဘောစိမကြီး ဒေါ်ဝဠာခင်ခင်တို့ ဘယ်လောက်ထိ စိတ်ပုတ်လည်းဆိုတာ လူတကာ သိသွားစေရမယ်"
"ဘာ… နင် ရိုင်းလှချည်လား"
"သားက ယဉ်ယဉ်ကျေးကျေး ပြောဖို့လာတာပါ၊ အဖွားက စိတ်ဆိုးအောင် လုပ်တာကို၊ ဒီအိမ်က အခုလောလောဆယ် အဖွားပိုင်တယ်ဆိုပေမယ့် အဖွားမရှိတော့ရင် သားပဲ အမွေရမှာမဟုတ်ဘူးလား၊ အဖေ့ကို အမွေဖြတ်ထားတာဆိုတော့ ဒက်ဒီရရင် သားရသလိုပဲ၊ အဖေပစ္စည်း သမီးပိုင်တယ်၊ ဒီအိမ်မှာ သား လာနေချင်တဲ့အချိန် လာနေမယ်၊ ဝင်ချင်ဝင်၊ ထွက်ချင်ထွက်… သား သဘောအတိုင်း နေမယ်"

1️⃣1️⃣ ဒဏ်ရာကိုယ်စီ [ Momma's boy ]Donde viven las historias. Descúbrelo ahora