Unicode fontဒဏ်ရာကိုယ်စီ [ Momma's boy ]
အပိုင်း ( ၇ )အခန်း ( ၁၁ )
အယ်… ဒီလူနဲ့ မတွေ့ချင်ပါဘူးဆို တည့်တည့်ကြီး လာတိုးနေပြန်ပြီ။ Lift ခေါ်ပြီး အရင် ရပ်စောင့်နေတာဆိုတော့ သူ ရောက်လာမှ ပြန်လှည့်လို့လည်း မကောင်းတတ်။ မယ်မှာ သူမဘေးနားမှာ အတူလာရပ်စောင့်နေတဲ့ မိုးတိမ်ကြောင့် သတိအနေအထားနဲ့ ရပ်နေမိသည်။
မနေ့ညက သူ့အကြောင်းကို တွေးပြီး တော်ရုံနဲ့ အိပ်မပျော်နိုင်ခဲ့။ ဘာကြောင့်များ ကိုယ့်ကိုမှ မကျေမနပ် ဆက်ဆံနေရတာလဲ နားကိုမလည်နိုင်ခဲ့။ လူကို ကြည့်ခဲ့ရင် နှစ်ပေါင်းများစွာက ရန်သူကြီးသဖွယ်။ ဂြိုလ်ရုပ်ကြီးနဲ့။ သူ့ဘာသာ ဘယ်လိုဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်ဘူးလို့ သဘောထားချင်ပေမဲ့လည်း ဒီအကြောင်းတွေကိုပဲ တွေးမိနေပြီး သူ့ကိုလည်း တိတ်တိတ်လေး စိတ်ဆိုးနေမိသည်။
မနေ့တုန်းက ထမင်းဝိုင်းမှာပိုဆိုး။ အားလုံးနဲ့ ရင်းရင်းနှီးနှီး စကားပြောပေမယ့် မယ်ကိုတော့ အဖက်မလုပ်။ သီးသန့်ကြီးကို ဖယ်ထုတ်ထားသလို ခံစားရပါသည်။ သူ အဲ့လိုလုပ်လေ မခံချင်လေမို့ မယ်လည်း အရေးလုပ်ပြီး မပြောချင်တော့။ ကိုယ့်ဘာသာ ထမင်းစားရင်း ဗျူးတီးတို့နဲ့ပဲ ပြောနေပြန်တော့လည်း ရုပ်တည်ကြီးနဲ့ ကြည့်ခဲ့ပြန်လို့ ရင်ထဲမှာ ဒိန်းခနဲ မြည်ဟည်းသွားခဲ့သည်။ ဘာလဲ… လာမကြည့်နဲ့။ ဘာလို့လာကြည့်နေတာလဲလို့ ပြောပစ်ချင်ပေမဲ့ ဘာမှမဖြစ်သလို ဟန်ဆောင်နေခဲ့ရသေးသည်။
သူကတော့ ထုံးစံအတိုင်း မယ့်အတွက်ဆို ရှားပါးလွန်းသော အပြုံးတစ်ပွင့်ခြွေပြကာ စကားတစ်ခွန်းမှ မပြောပဲ နဘေးနားမှာ ရပ်နေခဲ့သည်။ Lift ထဲရောက်ချိန် မယ်က ခလုတ်နှိပ်လိုက်စဉ်တွင် သူ့လက်တံရှည်ကြီးက မယ်ရဲ့လက်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ သူ နှိပ်မယ်မှန်း သိရင် မလုပ်ပါဘူးဟယ်။ အခုတော့ ပြိုင်တူနှိပ်မိရတယ်လို့။ လက်ညှိုးလေးနှစ်ချောင်း ထိမိသွားကာ နှစ်ယောက်လုံး လက်ကိုရုတ်သိမ်းလိုက်ပေမယ့် မယ် နှလုံးသားေလးကတော့ တုန်ခါနေမိသည်။ လက်ဖျားတွေ အေးစက်ကာ ဘာဖြစ်သွားမှန်းမသိ။ ဘုရားရေ … ဒါ ရင်ခုန်တယ်ဆိုတာမျိုးလား။
VOUS LISEZ
1️⃣1️⃣ ဒဏ်ရာကိုယ်စီ [ Momma's boy ]
Roman d'amourလူတွေရဲ့ဘဝဟာ အစစအရာရာ ပြည့်စုံတယ်လို့ ထင်ရပေမယ့် အခြားလူတွေမသိခဲ့တဲ့ အားနည်းချက်၊ စိတ်ခံစားမှုတွေ၊ လူသိမခံရဲတဲ့ Dark side တွေ၊ ဖုံးဖိချင်ထားတဲ့ကိစ္စရပ်တွေ စသဖြင့် အမျိုးမျိုးသော အကြောင်းအရာများနှင့် လိုရာဆန္ဒတွေ လုံးဝပြီးပြည့်စုံပြီး အမြဲစိတ်ချမ်းသာ...