အပိုင်း ( ၁၈ )

1.7K 86 4
                                    

Unicode font

ဒဏ်ရာကိုယ်စီ [ Momma's boy ]
အပိုင်း ( ၁၈ )

"ဪ… ဟုတ်ကဲ့ မှတ်မိပါပြီ"
"ကျွန်မ ကြာညိုသွယ်တို့ကို သတိရနေတာ၊ ပြီးတော့ သမီးလေးကိုရော၊ မြင့်ကိုဦးတို့ မိသားစုနဲ့ ဆုံမိတိုင်း ဒီအချိန်ဆို အဲ့ဒီကလေးလေး ဘာများလုပ်နေလဲဆိုပြီး တွေးခဲ့မိတယ်၊ အခုလို ပြန်တွေ့ရတာ အရမ်းဝမ်းသာတယ် သိလား၊ ကြာညိုသွယ်ကို ချီးကျူးရမယ်၊ ကလေးတစ်ယောက်ကို လိမ္မာရေးခြားရှိအောင်၊ ထူးချွန်အောင် ပျိုးထောင်နိုင်လို့၊ ဒါ မိခင်တစ်ဦးထဲ လုပ်နိုင်ဖို့ မလွယ်ဘူး"

ကြာညိုသည် သူ ပြောသမျှကို ငြိမ်သက်စွာ နားထောင်နေရာမှ ပြန်ပြောလိုက်သည်။

"အဲ့ဒါက ကျွန်မမှာ သူငယ်ချင်းကောင်း ရှိခဲ့လို့ပါ၊ မယ်က အများကြီး အနစ်နာခံပေးခဲ့တာ၊ သူ မရှိရင် အခုလို ဖြစ်လာမှာမဟုတ်ဘူး"

အခန်းထဲပြန်ဝင်လာတဲ့ မယ်က သူမနာမည်ပြောသံကြားလို့ အသံမထွက်ပဲ ဘယ်သူလဲဆိုပြီး မေးခဲ့လို့ လက်ကာပြလိုက်သည်။

"ဪ… ဟိုတနေ့က သူနဲ့တွေ့လိုက်သေးတယ်၊ သူလည်း အရင်လိုပဲနော်၊ ဘာမှပြောင်းလဲမသွားဘူး၊ ဘာပဲဖြစ်ဖြစ် အခုလို ပြန်တွေ့ရတာ တကယ်ဝမ်းသာတယ်၊ ကျွန်မတို့နှစ်ယောက် ရေစက်ပါတယ် ထင်တယ်၊ နောက်လည်း ဒီထက်မက ရင်းနှီးရဦးမလား မပြောတတ်ဘူးဆိုတော့… "

ဒါ… ဘာစကားလဲ။ သားရေးသမီးရေးကို ပြောချင်တာလား။ သူက သမီးရဲ့ဆရာမဆိုတော့ ရိုးရိုးသားသား ပြောတာလဲ ဖြစ်ချင်ဖြစ်မှာပါ။

"ဟုတ်ကဲ့… "
"မြင့်မိုရ်သွယ်လေးက ချစ်ဖို့ကောင်းတယ်နော်၊ သူ့သူငယ်ချင်းတွေက စိတ်ရင်းကောင်းတယ်၊ ကူညီတတ်တယ်လို့ ပြောကြတယ်၊ သမီးလေးဆိုတော့ အမေအဖော်ရတာပေါ့"
"ဟုတ်တယ် ဆရာမ၊ သမီးက ဘဝနာခဲ့တော့ နည်းနည်းလိမ္မာတယ်လို့ ပြောရမှာပေါ့၊ အဖော်လည်း မက်တော့ သူငယ်ချင်းလည်း များတယ်၊ လူတစ်ယောက်ကို ခင်မိပြီဆို အနစ်နာခံပြီး ပေါင်းတာ၊ ဒါပေမဲ့ ကလေးဆိုတော့ ဆိုးတဲ့အချိန်လည်း ရှိပါတယ်"
"ဟုတ်တာပေါ့၊ ငယ်သေးတာကို၊ ကျွန်မ အခုဖုန်းဆက်တာက ကြာညိုသွယ်တို့ ကျွန်မကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေမှာစိုးလို့ပါ၊ အရင်က မြင့်ကိုဦးနဲ့ပတ်သက်ခဲ့တဲ့ကိစ္စတွေ ပြီးတော့ မြင့်မိုရ်သွယ်… ကလေးအတွက် စိတ်ပူနေမှာစိုးလို့ပါ၊ သူ့အဖေနဲ့ပတ်သက်ပြီး ကလေးအပေါ် ဘယ်လိုစိတ်မျိုးမှ မရှိဘူးဆိုတာ ပြောပြချင်လို့ပါ၊ မြင့်မိုရ်သွယ်ဆီက ဖုန်းနံပါတ် တောင်းထားတာ နည်းနည်းကြာပြီ၊ ဆက်လို့ကောင်းပါ့မလား စဉ်းစားနေလို့ ကြာနေတာ၊ အခုမှ မထူးပါဘူးလို့ တွေးမိ​ြပီး ခေါ်လိုက်တာ"

1️⃣1️⃣ ဒဏ်ရာကိုယ်စီ [ Momma's boy ]Hikayelerin yaşadığı yer. Şimdi keşfedin