အပိုင်း ( ၂၀ )/ ဇာတ်သိမ်းပိုင်း

7.5K 173 12
                                    

Unicode font

ဒဏ်ရာကိုယ်စီ [ Momma's boy ]
အပိုင်း ( ၂၀ )/ ဇာတ်သိမ်းပိုင်း

အခန်း ( ၃၈ )

သားသည် ဖုန်းပွတ်နေရင်း ဒက်ဒီကို ကြည့်ကာ ရယ်နေရသည်။ ဒက်ဒီသည် တံခါးပေါက်ဝကို ဟစိဟစိလုပ်ကာ ချောင်းကြည့်နေခဲ့တာ မိနစ်ပိုင်းမခြား။ လူပျိုပေါက်လေးလို ဂဏှာမငြိမ်နိုင်။ ဒီနေ့ သားအဖနှစ်ယောက်သား မယ်ကို စောင့်ဖမ်းရန် ကြံစည်ထားသောကြောင့် ရုံးမတက်ကြပါ။

မယ်မှာ အိမ်တွင်းပုန်းလေး လုပ်နေခဲ့တာ ကြာပါပြီ။ ထွက်ခဲ့ရင်တောင် ဒက်ဒီနဲ့တွေ့မှာစိုးလို့ ဒက်ဒီမရှိချိန်မှာသာ ရွေးထွက်တတ်​သည်။ ပြီးတော့ ဘယ်သူ့ကိုမှ မယုံတော့။ အန်တီကြာညိုကိုရော သားကိုပါ မယုံကြည်ပါ။ ပူးပေါင်းကြံစည်ကြမှာ ကြိုနေသိနေပုံပင်။ ဒါကြောင့် အတတ်နိုင်ဆုံး အပြင်ကို မထွက်ခဲ့ပါ။

သားနဲ့ အန်တီကြာညို ပူးပေါင်းရုံမက ဒက်ဒီကိုယ်တိုင်လည်း အန်တီကြာညိုထံ ဖုန်းဆက်အကူအညီတောင်းသောကြောင့် ဒီနေ့လို အစီအစဉ်လေး ဖြစ်ပေါ်လာရခြင်းပါ။ ဆယ်နာရီထိုးခါနီးနေပေမဲ့ မယ်က ထွက်မလာသေး။

သိပ်မကြာခင် "မမ… ထွက်ခါနီးပြီ" ဟု ဗျူးတီးဆီမှ message ရောက်လာခဲ့သည်။

"ဒက်… မယ် ထွက်ခါနီးပြီတဲ့"
"ဟုတ်လား… ခုထိ မထွက်… ဟာ ထွက်သွားပြီ"

စိတ်လှုပ်ရှားနေသော ဒက်ဒီသည် မယ်ကိုပေးဖို့ နှင်းဆီပန်းစည်းကို မေ့ကာ အပြေးတပိုင်းနဲ့ ထွက်သွားတော့သည်။ သားသည် အနောက်ကနေ လိုက်ပေးဖို့လုပ်ပြီး မလိုက်တော့ပဲ တံခါးလေးအနည်းငယ်ဟကာ ချောင်းကြည့်နေလိုက်သည်။

သူ ချစ်မြတ်နိုးခဲ့ရတဲ့ မြန်မာဆန်ဆန်ပုံစံလေးနဲ့ မယ်သည် အလှကြီးလှနေပါသည်။ လျင်မြန်သွက်လက်သော ခြေလှမ်းများနှင့် မိုးတိမ်သည် မယ်အနားသို့ ရောက်ရှိသွားပါပြီ။ ဒီတစ်ခါတော့ အခွင့်အရေးကို လက်လွှတ်ဆုံးရံှုးမခံနိုင်တော့။

မယ်သည် lift စောင့်နေရင်း သူမအနားသို့ မိုးတိမ် ရောက်လာချိန်မှာ ဘာဆက်လုပ်ရမယ်မှန်း မသိ။ ဆက်ရပ်နေရမလား၊ အခန်းထဲကိုပဲ ပြေးဝင်ရမလား မစဉ်းစားတတ်တော့။ ရုံးသွားလိုက်ပြီထင်နေတာကို။ ဘယ်ကနေ ပေါ်လာတာလဲ။ သေချာတာတော့ သူ့ အခန်းထဲက ထွက်လာတာပါ။ ဒါဆို မနက်ကိုးနာရီကျော်လောက်က ကြာညိုနဲ့ ကားပါကင်မှာတွေ့တာ သူ မဟုတ်ဘူးလား။ ပြန်ရောက်နေတာများလား။

1️⃣1️⃣ ဒဏ်ရာကိုယ်စီ [ Momma's boy ]Nơi câu chuyện tồn tại. Hãy khám phá bây giờ