Unicode font
ဒဏ်ရာကိုယ်စီ [ Momma's boy ]
အပိုင်း ( ၁၁ )အခန်း ( ၁၉ )
"ငါ့ကြောင့်… မယ်မယ် အခုလိုဖြစ်ရတာ ငါ့ကြောင့်…ကလေးက ကလေးလို မနေပဲ မယ်ထွက်ပြေးမှာစိုးလို့ ငါ တားခဲ့မိလို့… "
အတိတ်အကြောင်းတေွ ပြန်ပြောပြပြီးနောက် ဧဒင်သည် ကလေးတစ်ယောက်လို ဝမ်းနည်းပက်လက် ငိုတော့ ဗျူးတီးပါ လိုက်ငိုပြီး။
"ကိုကိုကြောင့် မဟုတ်ပါဘူး… မယ်မယ်ကလည်း ကိုကို့ကို တစ်ခါမှ အပြစ်မပြောဖူးဘူး"
ဧဒင်သည် မယ်မယ်ထွက်ပြေးဖို့ ကြံစည်ချိန် တားခဲ့မိတာကို နောင်တရမဆုံးတော့။ ထိုသို့ တားမိချိန်ကတည်းက မယ်မယ်ဟာ တစ်ယောက်တည်း ကြိတ်ပြီးငိုနေတတ်တာကို တွေ့ရတော့ သူပါ တိတ်တိတ်လေး လိုက်ငိုတတ်ခဲ့သည်။ မခွဲချင်လို့ တားခဲ့မိမှ မယ်မယ်ဟာ ရန်ကုန်ကို အပြီးတိုင် ထွက်သွားခဲ့တာ ပြန်ကိုမလာခဲ့ပါ။ ဒါကြောင့် ကျောင်းပိတ်ရက်တိုင်း မယ်မယ်နဲ့တွေ့ဖို့ သူသာ လာရပါသည်။ အရင်က သူသာ မတားမိခဲ့လျှင် မယ်ဟာ ယခုလို အပြောအဆိုခံရမည် မဟုတ်။ မယ်က သူ့ကို တစ်ခွန်းမှ အပြစ်မတင်ခဲ့သော်လည်း မယ်မယ် ငိုရတာသူ့ကြောင့်၊ အခုလို ဖြစ်နေတာတွေက သူ့ကြောင့်ဆိုသော အတွေးများနဲ့ ရှင်သန်လာခဲ့တာ ကြာပါပြီ။
သားသည် သူတို့ကို မျက်ရည်ဝဲပြီးကြည့်နေမိပေမယ့် စိတ်တို့က မယ်မယ့်ဆီ ရောက်နေခဲ့သည်။ ဘယ်လောက်ထိ ခံပြင်းဖို့ကောင်းလိုက်တဲ့ဘဝလဲ။ သားသာ မယ်နေရာမှာဆို အခုလို ငြိမ်နေမိမည်မထင်။ အရှက်မရှိတဲ့ ဟိုညီအစ်မကိုလည်း ပါးချမည်။ နှာဗူးဘိုးတော်ကိုလည်း ပါးချရုံမက လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောဆိုပစ်မည်။ ပြီးတော့ အိမ်ထဲထိဝင်ပြီး ဘလိုင်းကြီးလာပြောသွားသော အဖွားကိုလည်း ကက်ကက်လန် ရန်ရှာပစ်မည်။ သူ့သားကို ရွှေထွက်နေပါစေ မယူဘူးလို့လည်း ပြန်ပြောပစ်မည်။
ဟင်… အဲ့လိုသာဆို မယ်နဲ့ဒက်ဒီက မကြိုက်ကြတော့ဘူးပေါ့။ မယူဖြစ်ကြတော့ဘူးပေါ့။ ဒီလိုတော့ အဖြစ်မခံနိုင်ပါ။ ဒက်ဒီက မယ့်ကို ချစ်သလို မယ်လည်း ဒက်ဒီကို စိတ်ဝင်စားတယ်ဆိုတာ သား ရိပ်မိနေခဲ့တော့ သူတို့နှစ်ယောက်ကို အဝေးမခံနိုင်ပါ။
BẠN ĐANG ĐỌC
1️⃣1️⃣ ဒဏ်ရာကိုယ်စီ [ Momma's boy ]
Lãng mạnလူတွေရဲ့ဘဝဟာ အစစအရာရာ ပြည့်စုံတယ်လို့ ထင်ရပေမယ့် အခြားလူတွေမသိခဲ့တဲ့ အားနည်းချက်၊ စိတ်ခံစားမှုတွေ၊ လူသိမခံရဲတဲ့ Dark side တွေ၊ ဖုံးဖိချင်ထားတဲ့ကိစ္စရပ်တွေ စသဖြင့် အမျိုးမျိုးသော အကြောင်းအရာများနှင့် လိုရာဆန္ဒတွေ လုံးဝပြီးပြည့်စုံပြီး အမြဲစိတ်ချမ်းသာ...