အပိုင်း ( ၁ )

9.7K 161 0
                                    

Unicode font

ဒဏ်ရာကိုယ်စီ [ Momma's boy ]
အပိုင်း ( ၁ )

အစ

မိုးတိမ်သည် ထိုနေ့ကသာ သူ့ရဲ့ Varar Construction Showroom သို့ မသွားခဲ့လျှင် ထိုမိန်းကလေးနှင့် ဆုံတွေ့ရမည် မဟုတ်။ မိန်းကလေးလို့ ဆိုရလောက်အောင်အထိ အသက်မငယ်သော်လည်း သူ့ထက် ငယ်မှာတော့ သေချာပါသည်။ အလွန်ဆုံးရှိမှ သုံးဆယ်လောက်ပေါ့။ ဘယ်လောက်ပဲဖြစ်ဖြစ် အသက်သုံးဆယ့်ကိုးနှစ် ပြည့်ခါနီး သူ့ထက် ငယ်မှာတော့ သေချာပါသည်။

ကွန်ဒိုအဆောက်အဦး ပုံစံငယ်လေးကို Showroom Manager နဲ့အတူ ကြည့်ရင်း စကားပြောနေတဲ့သူဟာ သူတို့နဲ့ မလှမ်းမကမ်းက ဧည့်ခန်းမှာထိုင်ပြီး အရောင်းဝန်ထမ်းနဲ့ စကားပြောနေတဲ့ မိန်းကလေးကို အမှတ်တမဲ့ ကြည့်လိုက်မိရင်း အကြည့်တို့က မလဲွနိုင်ခဲ့တော့။

ခါးလောက်ထိရှည်သော နက်နက်ခဲခဲ ဆံပင်ဖြောင့်စင်းစင်းလေးများကြားမှ ပေါ်နေသော မျက်နှာလေးဟာ ကျက်သရေရှိလွန်းလှပေသည်။ အင်မတန်ရိုးရှင်းသော ရင်ဖုံးအင်္ကျီနဲ့ လုံချည်ဝမ်းဆက်လေးဟာ သူမနဲ့လိုက်ဖက်မှုရှိကာ ယဉ်ယဉ်လေးနဲ့ လှနေပြန်သည်။ တစ်ခါမှ မတွေ့ဖူးတဲ့ ဒီမိန်းကလေးဟာ ဘယ်သူများလဲ။

အရောင်းဝန်ထမ်း ရှင်းပြနေတာကို သေချာနားထောင်နေရင်း ဖြတ်ခနဲ မော့အကြည့်မှာ သူမအကြည့်တွေက သူ့ထံသို့ တန်းတန်းမတ်မတ် ရောက်ရှိခဲ့လေသည်။ စက္ကန့်ပိုင်းလောက် အကြည့်ချင်းဆုံသွားပြီးနောက် အိန္ဒြေရှင်မလေးဟာ ချက်ချင်းမျက်လွှာပြန်ချသွားခဲ့ပေမယ့် သူ့ရင်ထဲမှာတော့ အနွေးလှိုင်းလေး ဖြတ်သန်းသွားတော့သည်။ အသက်လေးဆယ်နားနီးမှ ဘာလို့များ ဒီလိုခံစားချက်တွေ လာဖြစ်နေရတာလဲ။ မန်နေဂျာနဲ့ စကားဆက်ပြောနေပေမယ့် သူ့မျက်လုံးတို့က သူမထံသို့ မကြာခဏ ရောက်ရှိသွားတတ်သည်။

သူမဟာ စကားပြောပြီး ထရပ်ချိန်မှာ အင်္ကျီ၊ လုံချည်ကို သပ်ရပ်အောင် မသိမသာ ဆွဲချနေသေးသည်။ သူမဝတ်ဆင်ထားသော ဝမ်းဆက်လေးဟာ အချိုးကျလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုပြီး ပေါ်လွင်စေပါသည်။ အရပ်ကလဲ ပုတဲ့အထဲ မပါ။ ငါးပေလေး၊ ငါးပေငါးလောက် ရှိမည်ထင်။ သူမက စားပွဲပေါ်တင်ထားတဲ့ လက်ကိုင်အိတ်ကို ဆွဲကိုင်ပြီး ဝန်ထမ်းမိန်းကလေးကို ပြုံးပြနုတ်ဆက်ကာ ထွက်သွားလေတော့သည်။

1️⃣1️⃣ ဒဏ်ရာကိုယ်စီ [ Momma's boy ]Donde viven las historias. Descúbrelo ahora