အပိုင်း ( ၈ )

1.4K 80 6
                                    

Unicode font

ဒဏ်ရာကိုယ်စီ [ Momma's boy ]
အပိုင်း ( ၈ )

အခန်း ( ၁၃ )

မယ်နှင့်ကြာညိုသည် ဝရန်တာတံခါးကို ဆွဲဖွင့်ကာ အပင်လေးတွေ ကြည့်လိုက်တော့ Cactus တစ်ပင်က အဖူးလေးတွေက ပွင့်တော့မယ့်ပုံလေးလို ဖူးအာနေတာကို တွေ့လိုက်ရသည်။

"ဟယ်… ဒီ cactus လေး ဖူးနေတာကြာပြီ၊ ပွင့်တော့မယ်ထင်တယ်"
"ဟုတ်သားပဲ … မယ် ဒီအပင်တွေ ပေးတာ ကိုမိုးတိမ်လို့ မထင်ဘူးလား"
"ဟမ်… မထင်ပါဘူး၊ ဘာဖြစ်လို့ အဲ့လိုထင်တာလဲ"

မိုးတိမ်သည် ဝရန်တာမှာ ဆေးလိပ်ထွက်သောက်ပြီး အိမ်ထဲပြန်ဝင်ကာ တံခါးဆွဲပိတ်နေစဉ်မှာ ကြားလိုက်ရသော စကားသံတွေကြောင့် တံခါးကို ဆက်မပိတ်ပဲ နားထောင်နေမိသည်။ သူကအဝင် မယ်တို့ကအထွက်မို့ သူ့ကို သတိထားလိုက်မိပုံမပေါ်။ သူများတွေ စကားပြောတာကို နားထောင်လေ့မရှိပေမယ့် ကိုမိုးတိမ်ဆိုတဲ့ သူ့နာမည်ကို ကြားလိုက်ရလို့ စိတ်ဝင်စားသွားမိခြင်းဖြစ်သည်။ ပြီးတော့ ချစ်ရတဲ့မယ်က သူ့အကြောင်းပြောတာဆိုတော့။

"မသိဘူး … ငါကတော့ ကိုမိုးတိမ်လို့ပဲ ထင်တယ်"
"မဟုတ်လောက်ပါဘူးဟယ်၊ သူက အဲ့လိုလုပ်တတ်တဲ့လူမျိုး မဟုတ်လောက်ဘူး"

မနက်ခင်းနေပြထားသော အပင်လေးတွေကို ဗန်းထဲ ထည့်ရင်း ပြန်ပြောလိုက်သည်။ အိမ်ထဲမှာပဲ ထားခဲ့ရတော​့ အပင်လေးတွေကို အချိန်ရတိုင်း အပြင်ထုတ်ကာ နေ​ြပနေကျ။ သေချာဂရုစိုက်တာတောင် တချို့အပင်တွေက သေကာ အိုးလှလှလေးတွေသာ ကျန်ခဲ့ရှာသည်။ ဒါကြောင့် မယ့်မှာ သေသွားတဲ့အပင်တွေအတိုင်းဝယ်ကာ အိုးထဲထပ်စိုက်နဲ့ ထပ်မသေအောင် ဂရုစိုက်ပေးနေရသည်။

"အဲ့လိုလူမျိုးတွေက ပိုပြီး မထင်မှတ်ထားတာတွေ လုပ်တတ်တယ် သိလား၊ ဒါနဲ့ ယောက္ခမလောင်းကြီးက ချွေးမတော်ရမယ်မှန်း သိလို့ သေချာအင်တာဗျူးသွားတာ ထင်တယ်နော်"
"ဘာယောက္ခမလဲ ကြာညိုရယ်… တိုးတိုးပြောပါ၊ ကြားသွားပါဦးမယ်"

မယ် အသံလျော့ပြီးပြောတော့ ကြာညိုက ရယ်လိုက်ရင်း။

"မကြားလောက်ပါဘူး၊ ဝရန်တာမှာရှိမှ ကြားမှာပေါ့"
"သူတို့မှ မဟုတ်ဘူး၊ တခြားလူတွေ ကြားသွားလည်း ရှက်စရာကြီး… "
"အို… ဘာလို့ရှက်ရမှာလဲ၊ အိမ်ထောင်ရေးဖောက်ပြန်တာလဲမဟုတ်၊ ယုတ်မာတာလဲမဟုတ်… လွတ်လပ်သူချင်း ကြိုက်ကြတာပဲဟာ၊ ဘာမှရှက်စရာမလိုဘူး"
"ဘာလို့ကြိုက်ရမှာတုန်း… ပြောရင်း ပိုဆိုးလာပြီ၊ သူနဲ့ငါ ဘာမှ ကြိုက်စရာအကြောင်း မရှိဘူး၊ သူနဲ့မှ မဟုတ်ဘူး၊ ဘယ်ယောကျာ်းနဲ့မှ ကြိုက်မှာမဟုတ်ဘူး"

1️⃣1️⃣ ဒဏ်ရာကိုယ်စီ [ Momma's boy ]Nơi câu chuyện tồn tại. Hãy khám phá bây giờ