[𝘐 𝘯𝘰𝘵 𝘭𝘰𝘴𝘦 𝘺𝘰𝘶 1]unicode

6.6K 229 20
                                    

Unicode

[JENNIE]

ပါးစပ်ထဲမှာရှိတဲ့ ပီကေကို အား ပါပါ ပေစောင်းစောင်းဝါးနေလိုက်ပြီး ရှေ့မှာ ဒူးထောက်နေတဲ့ အကောင်ကို စိတ်ပျက်တဲ့ အကြည့်တွေနဲ့ဝါးမြိုမတက် စိုက်ကြည့်နေတော့ အကြည့်တွေက စူးရှနေလို့များလား ဟိုအကောင်က မော့တောင်မကြည့်ရဲဘူး။

"ဟင်း!စိတ်ပျက်စရာကောင်းလိုက်တာ"

ဘယ်သူမှ ဂရုမစိုက်တဲ့ဟန်နဲ့ ခပ်စောင်းစောင်း ခြောက်ကပ်နေတဲ့ရီသံနဲ့ အတူ ခြေထောက်နှစ်ဖက်ကို ချိတ်ထိုင်လိုက်ပြီး အအေးခွက်ကို မော့ချလိုက်တယ်

"တောင်းပန်ပါတယ် ဟန်နီ ရယ် ကိုယ် ဘာမှလဲ မလုပ်ပဲနဲ့ လမ်းမခွဲသွားပါနဲ့"

ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ ကောင်ကို စိတ်ပျက်စွာနဲ ပြုံးကြည့်နေလိုက်တယ် အပြုံးတွေထဲ လှောင်ပြောင်မှုတွေ၊စိတ်ပျက်မှုတွေအပြည့်နဲ့။ယောကျ်ားမပီသလိုက်တာ ဒီကောင် က ပေါ့ညံ့တဲ့ မိန်းမလို မိန်းမရကောင်ပဲ။

"ပါးစပ်ပိတ်ထားစမ်းပါ နင်က မိန်းမလား စောက်ရည်ကျမနေ စမ်းပါနဲ့ ငါက ပျော့ညံ့တာကိုမကြိုက်ဘူး..."

ကိုယ်ခပ်စိမ်းစိမ်းအသံနဲ့ပြောလိုက်တော့ မငိုမတိတ်တဲ့ ကောင်စုတ်က ပိုပြီးတော့တောင် ငိုလာသေးတယ်။ပျော့ညံ့တာ မကြိုက်ပါဘူး ဆို အာရုံနောက်လိုက်တာ။

ဆိုင်မှာထိုင်နေကျတဲ့လူတွေကလဲ သူတို့ အလုပ်မဟုတ်ပဲ ကျွန်မကို စိုက်ကြည့်နေလိုက်ကြတာ ဝါးစားမတက်ပဲ။ဒီစောက်ရေးမပါတဲ့ ငပိန်းကောင် ကြောင့် ကိုယ့်မှာ လူယုတ်မာကြီးကို ဖြစ်လို့။

"ပြောချင်တာပြောပါ ကိုယ့်ကို တော့ ထားမသွားပါနဲ့ ကိုယ်ပျော့ညံ့မှုတွေကိုပြင်ပါ့မယ်ကွာ ကိုယ်မင်းကို အရမ်းချစ်တာ မင်းလဲ သိရက်သားနဲ့ ကိုယ်မင်းကို မခွဲနိုင်ဘူး"

"ငါ့ကိုကပ်ပါးကောင်လိုလာကပ်တွယ်မနေစမ်းပါနဲ့ ငါနင့်ကို ချစ်တယ် လို့ နင်ထင်နေတာများလား အဲ့တာ ဆိုရင် နင်တိုင်နဲ့ခေါင်းသာ စောင့်သေလိုက်တော့ ငါနင့်ကိုမချစ်ဘူး.."

မျက်ရည်တွေက ပြင်းထန်လာတာ မြင်ရတော့ စိတ်ထဲမှာ ပျော်ဖို့ကောင်းလိုက်တာ။

You're MineWhere stories live. Discover now