[𝘐 𝘯𝘰𝘵 𝘭𝘰𝘴𝘦 𝘺𝘰𝘶 5]U+Z

1.6K 127 2
                                    

Unicode

[Jennie Kim]

"မမ ရယ် ဘာလို့ တွေ့ရာ ဆွဲထည့် နေ တာလဲ"

မုန့်တန်းမှာ စီထားတဲ့ အစားစာတွေ ကို ရွေးတောင် မရွေးတော့ပဲ တစ်ချက် ကြည့်ပြီး ဆွဲဆွဲထည့် နေတာ မို့ အမြန်တား လိုက်ရတော့သည်။မတား လျှင် တစ်ဆိုင်လုံးတောင်း ကုန်သွားမဲ့ ကိန်းပဲ။

"မမ မှ မရွေးတက်တာကို ခါတိုင်း ဆို Seulgi ပဲ ရွေးပေး နေကြလေ"

"မရွေးတက်ရင်လဲ မရွေးနဲ့ ဂျန်း ရွေးပေးမယ် ဘာမှန်း မသိဘူး မရွေးတက်တာနဲ့ တွေ့ကရာ လျှောက်ထည့် နေရတယ် လို့ တစ်ဆိုင်လုံး ပြုတ်တော့မယ်"

"ဆရာကြီး ကျနေတာပဲ"

ပြုံးစစနဲ့ ပြောနေတဲ့ Irene ကို မျက်စောင်းလှမ်းထိုးလိုက်တော့သည်။သူများက ပြောပြတာကို တကယ်ပါပဲ။

"တော့ပူကီ ဝယ်မယ် ဂျန်း ဟို တစ်နေ့က Seulgi စားချင်တယ် လို့ ပြောနေတယ်"

Irene စကား က ကျွန်မ ကို ပြုံးစေတာပဲ။ဘာလို့ မှန်း မသိပေမဲ့ တစ်စုံ တစ်ယောက်က အခြားတစ်ယောက်ကို ဂရုစိုက် ပေးတာ မြင်ရင် ကျွန်မ အားကျပြီး ပြုံးမိတယ်။

"ဟုတ်ပြီ"

နှစ်ယောက်အတူ တစ်ကြိတ်ကြိတ် စကားကို ရေပတ် မဝင်အောင် ပြောနေရင်း ကျွန်မ မျက်လုံးများက အခြားတစ်နေရာကို အကြည့်ရောက်သွားတော့သည်။အမှန်တိုင်း ပြော ရရင် ကျွန်မ အာရုံကို ဖမ်းစား လိုက်တဲ့ တစ်စုံတစ်ယောက်။

ခါးကို ဒီဂရီ အနည်းငယ် ကိုင်းထားပြီး လက်ထဲက စတော်ဘယ်ရီသီး ကို ညိုမြမြ အေးချမ်းရာ  မျက်ဝန်းများနှင့် သေချာ စူးစိုက်ကြည့်နေဟန် ရှိတဲ့ ကလေးမလေး။

ကလေးမလေးကို မြင်တာနဲ့ စိတ်ထဲမှာ လိုနေတာလေးက ချက်ချင်း ပြီးပြည့်စုံသွားသလို ခံစားလိုက်ရတာ မို့ ကိုယ့်ကိုကိုယ် တောင် အံ့သြ သွားမိ စေတယ်။

အရင်နေ့ ကလို ပန်းနုရောင် ဂါဝန်လေးနဲ့ မဟုတ်ပဲ။ပန်းရောင်အနည်းငယ်သန်းနေတဲ့ ရှပ်အဖြူ ကြောင့် ပန်းပွင့်လေး တစ်ပွင့် လိုပင်။ဂျင်းဘောင်းဘီ အမဲရောင် အတို ထဲကို အကျီထည့် ဝတ်ဆင် ထားတာမလို့ လိုက်ဖက်လွန်းတဲ့ အရပ်ကြောင့် ကလေးမက စတိုင် ကျနေ သယောင်။

You're MineWhere stories live. Discover now