Unicode
"မင်းကို တို့ လိုအပ်တယ်.."
ဝင်လာသော မက်ဆေ့ကြောင့် သူမရဲ့ ရုံးဆင်းလို့ ပျော်ရွှင်နေတဲ့ စိတ်တွေတောင် အဝေးသို့ လွှင့်စင်သွားသလို။
"ငါ မအားဘူး.."
အသံဖိုင် ပို့ရင်း ကားကိုပဲ အာရုံထားကာ စိတ်များဟာ နားကြပ်ကြိုးများ ဖြစ်တတ်သလို ရှုပ်ထွေးနေခဲ့သည်။
ဒီနေ့ တစ်နေ့လုံး ရုံးကို သူ မလာလို့ သူမ အရမ်းပျော်နေတာကိုး။
"ငါနေလို့မကောင်းဘူး ကျေးဇူးပြုပြီး လာခဲ့ပါနော် တို့မှာ မင်းပဲ ရှိတာ.."
ထူးဆန်းလှစွာ အပြောအဆို ယဥ်ကျေးနေလှသော ထိုမိန်းမကြောင့် စိတ်များဟာ အဖက်ဆယ်လို့ပင် မရတော့လောက်အောင် ရှုပ်ထွေးသွားရပြန်တယ်။
"မလာရင် တို့ နဲ့ မင်း နမ်းနေတဲ့ ဗီဒီယိုကို ချယ် ဘာဆိုလား အဲ့ကလေးမဆီ ပို့လိုက်မှာနော် ဒီလို ဖြစ်ချင်တာ သေချာရဲ့လား.."
ထပ်ဝင်လာသော မက်ဆေ့ကြောင့် ကားကို ချက်ချင်း ရပ်ကာ စီရာတိုင်ကို လက်ဖြင့် ပိတ်ထုပစ်သည်။
"သေစမ်း ဒီမိန်းမက အကောင်းကို မြင်လို့မရတာ.."
အနောက်မှန်မှ တစ်ဆင့်ကြည့်လိုက်တော့ ရှင်းလင်းနေတာမလို့ ကားကို ပြန်ကွေ့ကာ စိတ်တိုတိုဖြင့် ထိုမိန်းမ အိမ်ကို ဦးတည်လိုက်တော့သည်။
[အချိန် နောက်ဆုပ်ခြင်း]
"ဟားဟား ဒီမှာ ကြည့်ပါအုန်း ဘယ်လောက်တောင် သာယာလိုက်တဲ့ မြင်ကွင်းလေးပါလိမ့်.."
ထိုမိန်းမ ပြသော ဖုန်းကို ကြည့်လိုက်တော့ သူမ အသွေးအသားထဲကနေ ဒေါသများ တစ်လိပ်လိပ် ထွက်လာသည်။
"မင်း ဘာကိစ္စ ရိုက်ထားတာလဲ.."
"ဒါလေးကိုသာ တစ်စုံတစ်ယောက်ဆီ ပို့လိုက်ရင် ပွဲကြီးပွဲကောင်း တစ်ပွဲလောက် နွှဲရမှာ အသေချာပဲ.."
သူမနဲ့ ထိုမိန်းမ နမ်းထားသော ဗီဒီယိုဖိုင် တစ်ခုဖြင့် သူမကို လာခြိမ်းခြောက်နေသော ထို မိန်းမ လုပ်ရက်ဟာ ဘယ်လောက်တောင် အောက်တန်းကျလိုက်သလဲ ဆိုတာ ပြောနေစရာတောင် မလို။
YOU ARE READING
You're Mine
Romanceအစ်မ က ချယ်အပိုင်.. ချယ်တစ်ယောက်ထဲ အတွက်ပဲ။ unicode x zawgyi အစ်မက ချယ်အပိုင်... ချယ်တစ်ယောက်ထဲ အတွက်ပဲ။