[𝘐 𝘯𝘰𝘵 𝘭𝘰𝘴𝘦 𝘺𝘰𝘶 18]U+Z

1.2K 107 7
                                    

Unicode

[Chaennie]

"အစ်မ ကလေးကို ချစ်တယ်.."

အစ်မ ဆိုတဲ့ နွယ်ပင်လေးက သူမကို ရစ်ပတ်သွားပြီ။ရှုန်းထွက်မရအောင် သူမကို ရစ်နွယ်ထားလိုက်ပြီ။ချုပ်နှောင်ထားတဲ့ အစ်မရဲ့ နွယ်ပင်လေးဆီက သူမ ရှုန်းမထွက်နိုင်တော့လောက်အောင် အစ်မ နှုတ်ခမ်းသားတွေက နှူးညံ့တယ်။

အနမ်းခံရတဲ့ အခါ ဖြစ်သွားတဲ့ ခံစားချက်က နွံတစ်ခုထဲကို နစ်ဝင်သွားသလိုပဲ ကြိုက်တယ် ဒီခံစားချင်ကို။

ဆက်နွယ်နေတဲ့ နှလုံးစီးကြောင်းများဟာ ဆုံစည်းသွားသလိုမျိုး။သူမ နှုတ်ခမ်းသားများကို အစ်မဟာ မြတ်မြတ်နိုးနိုးနဲ့ ရစ်သွယ်နေတယ်။ချိုတယ်။အစ်မရဲ့ နှုတ်ခမ်းတွေကို ငြင်းဆန်လို့ မရလောက်အောင်ထိ ပြုစားလွန်းတယ်။

သူမ မတုန့်ပြန်မိဘူး။ဘာလို့လဲ ဆိုတော့ သူမ အရမ်းပျော်နေလို့ ပြီးတော့ လှုပ်မရနိုင်အောင် အစ်မက ပြုစားထားလို့။ကျွန်မ ရူးတော့မှာပဲ ဒီခံစားချင်က သေလောက်အောင် ကောင်းတယ်။

အစ်မက အနမ်းတွေ ရုတ်သိမ်းလိုက် ပြီးတော့ ကြောင်အနေတဲ့ သူမကို မြတ်မြတ်နိုးနိုး ကြည့်လာတယ်။

"အစ်မ တောင်းပန်ပါတယ် အရမ်းအသားယူသလိုဖြစ်သွားခဲ့မိတယ် အစ်မလေ ချယ်ကို မြင်မြင်ကတည်းက စိတ်ဝင်စားနေခဲ့တာ အစက ဒီတိုင်းကြိုက်တာပဲထင်ခဲ့မိတာ ဒါပေမဲ့ အဖြေတစ်ခုကိုရလိုက်ရတယ် ချယ်ကို အစ်မ အရမ်းချစ်မိသွားတယ် ဆိုတာပဲ ချယ်လဲ အစ်မကို ဘယ်လိုသဘောရလဲ ဟင်.."

အစ်မ စကားတွေက သူမ ရင်ထဲ မိုင်းပေါက်မှုကို ဖြစ်ပေါ်စေတာပဲ။ကျယ်လောင်တဲ့ နှလုံးခုန်သံတွေက သူမ နားဖျားမှာ တိုးဝေ့စေတယ်။အစ်မက သူမကို အရမ်းချစ်မိသွားတယ်တဲ့ သူမ အရမ်းပျော်တယ်။အပျော်လွန်တာရယ် အံ့သြမိသွားတာရယ် ကြောင့် သူမ ဘာမှ မတုန့်ပြန်ပဲ နေမိတော့ အစ်မက အတွေးအမှားကို တွေးမိနေတဲ့ ပုံပါပဲ။

"တောင်းပန်ပါတယ် ချယ် အစ်မကို မချစ်လဲ အွတ်.."

ထပ်ပြီး ထိကပ်သွားတဲ့ နှုတ်ခမ်းသား တစ်စုံ။ထိကပ်သွားတာချည်းတူပေမဲ့ စတင်တာချင်း မတူခဲ့ဘူး။သူမက စတင်ခဲ့တယ် အခု ကလေးက ပြန်ပြီး စတင်တယ်။

You're MineWhere stories live. Discover now