Unicode
[Chaennie]
"အိုး ချစ်စရာကောင်းလိုက်တာ.."
"ဖုန်း ဖုန်းဘယ်နားမှာလဲ ဓာတ်ပုံရိုက်ထားရမယ်.."
သဲကြီးမဲကြီး ဖုန်းလိုက်ရှာနေတဲ့ လီဆာကို ကြည့်ရင်း ဂျီဆူး ခေါင်းခါမိလိုက်သည်။ဟိုလှည့် ဒီလှည့်ဖြင့် ရှာနေတဲ့ လီဆာ လက်မောင်းကို လှမ်းဆွဲလိုက်ပြီး။
"ဖုန်းက ရှင့် လက်ထဲမှာလေ မင်းသမီးလေးရဲ့.."
"အိုး ဟုတ်သားပဲ ဟီးဟီး အလျှင်လိုသွားတော့ မတွေ့မိဘူးဖြစ်သွားတယ်.."
လက်ထဲက ဖုန်းကို ဖွင့်လိုက်ပြီး ကင်မရာ ထဲကို ချက်ချင်းဝင်လိုက်ကာ ရှူဒေါင့်မျိုးစုံကနေ ရိုက်လိုက်သည်။
"နင်တို့ ဘာလုပ်နေကြတာလဲ.."
ကင်မရာထဲ စိတ်နစ်နေတော့ ဂျန်းက နိုးလာတာမလို့ လီဆာ တုန်တက်သွားတော့သည်။
"Shit လန့်လိုက်တာ"
ဖက်ထားသော ကလေးရဲ့ လက်ကလေးကို အသာလေးဖယ်ရင်း အိပ်မောကျနေတဲ့ ကလေးမျက်နှာလေးကို ကြည့်မိလိုက်တော့ ဖန်တီးစရာတောင်မလိုပဲ အပြုံးများဟာ ပေါ်ပေါက်လာတော့သည်။
"ငါတို့ကို ဘာတွေလုပ်နေတာလဲ.."
"ဟာ..."
လီဆာလက်ထဲက ဖုန်းကို စက်ကနဲ ဆွဲယူလိုက်သည်။ဖုန်းကိုဖွင့်ကြည့်လိုက်တော့ ပေါ်လာတဲ့ ပုံလေးကြောင့် သူမ ပီတိ ဖြာနေတော့တယ်။
ကလေး လက်မောင်းပေါ်မှာ သူမ ကလှဲအိပ်နေပြီး ကလေးက ဖက်ထားတဲ့ ပုံကလေးကြောင့် ပီတိဖြာရခြင်းဖြစ်တယ်။ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်တဲ့ပုံလေးလဲ။ကလေးက အိပ်နေရင်တောင် ချောနေလိုက်တာ သူမ ပြောတာ တကယ်ပါ ဒီကလေးက ဘယ်လိုနေနေ ချစ်ဖို့ကောင်းလွန်းတယ်။
YOU ARE READING
You're Mine
Romanceအစ်မ က ချယ်အပိုင်.. ချယ်တစ်ယောက်ထဲ အတွက်ပဲ။ unicode x zawgyi အစ်မက ချယ်အပိုင်... ချယ်တစ်ယောက်ထဲ အတွက်ပဲ။