Unicode
[Chaennie]
"အစ်မ အကယ်၍ မာမီက အတင်းခွဲရင် ဘယ်လိုလုပ်ကြမလဲဟင်"
ရင်ခွင်ထဲက ကလေးကိုငုံ့ကြည့်လိုက်တော့ မျက်နှာလေးက ညှိုးငယ်နေပြီး ဝမ်းနည်းမှုများက အထင်းသား။
"အတင်းခွဲရင်လဲ ကလေးကို အစ်မက မဆုံးရှုံးနိုင်ပါဘူး ကလေးအတွက်ဆို အစ်မက အရာအားလုံး ရင်ဆိုင်ရဲတယ် အစ်မ အသက်ကို ပေးရပေးရ ကလေးကို မဆုံးရှုံးရဖို့ အရေးကြီးတယ် ကလေးရဲ့ မာမီ ကို နားဝင်တဲ့အထိ အစ်မ ဖြောင်းပြ ပေးမှာမလို့ ကလေးစိတ်မပူပါနဲ့နော်"
ရှဥ့်ပေါက်လေးတွေက ဝမ်းနည်းရင်လဲ သိပ်ချစ်ဖို့ကောင်းတာ အခုမှသိတော့တယ်။
ခပ်ဖောင်းဖောင်းကလေးဖြစ်နေတဲ့ နှင်းလေးလို ပါးလုံးလုံးလေးကို မြတ်နိုးစွာဖြင့် ရှိုက်နမ်းလိုက်သည်။
"အစ်မရဲ့ ချစ်သူ ဖြစ်ခွင့်ရတာ ကလေးသိပ်ကို ကံကောင်းတာပဲ"
"အဲ့စကားက အစ်မပြောရမှာပါနော် အစ်မလဲ ချယ်လို ကလေးပေါက်စလေးကို ချစ်မိမယ်လို့ မထင်ထားဘူး သိလား အခုချစ်မိတော့လဲ မခွဲနိုင်မဆုံးရှုံးနိုင်တွေ ဖြစ်နေမိတာ"
"အစ်မ ဆီက ဒီစကားမျိုးကြားရင် ချယ် အစာအိမ်ထဲ လိပ်ပြာတွေ ပျံနေသလိုပဲ"
ပေါက်ပေါက်ရှာရှာ စကားလေးကို သူမ သဘောကျစွာ တစ်ချက်ရီလိုက်မိသည်။
"ဒီကလေးကတော့လေ"
"တကယ်ပြောတာ အစာအိမ်ထဲမှာရော နှလုံးခုန်သံတွေထဲမှာရော လိပ်ပြာလေးတွေ ပျံနေတာ မယုံရင် စမ်းကြည့်"
ကလေးက သူမ လက်ချောင်းများကို အသာကိုင်တွယ်ပြီး သူ့ရဲ့ ရင်ဘတ်ပေါ်ကို လက်ကလေး တင်ထားစေသည်။
ကလေးရဲ့ ရင်ခုန်နှုန်းများကို ကြားလိုက်ရတော့ သူမ သွေးတွေဟာ ဇောက်ထိုးစီးဆင်းသလို။စည်းချက်မညီပဲ သံစဥ်တွေ ရေးဆိုနေတဲ့အတိုင်း အခုန်မြန်နေတဲ့ ရင်ခုန်သံလေးတွေက သိပ်ကို ခံစားလို့ကောင်းတာပဲ။
"အိုး ကလေးဒီလို အခုန်နှုန်းနဲ့ဆို နှလုံးရောဂါရတော့မယ်ထင်တယ်"
YOU ARE READING
You're Mine
Romanceအစ်မ က ချယ်အပိုင်.. ချယ်တစ်ယောက်ထဲ အတွက်ပဲ။ unicode x zawgyi အစ်မက ချယ်အပိုင်... ချယ်တစ်ယောက်ထဲ အတွက်ပဲ။