Unicode
[Chaennie]
လေထုက သာမန်ထက်သာလွန်စွာ တိုက်ခတ်နေတာမလို့ ဝတ်ထားသော ဂါဝန်များနဲ့ဆံနွယ်များဟာ လေနှင်ရာ အတိုင်းလွှင့်ပျံလျှက်။လှပသော မြက်ခင်းပြင်များနဲ့ လိုက်ဖက်စွာ ပေါက်ပွားနေသော သစ်ပင်ကြီးများ က မြင်ကွင်းကို အရမ်း လှပလွန်းနေသည်။
လက်များကို ဆန့်ထုပ်ထားပြီး တိုက်ခတ်နေတဲ့ လေငြင်းရဲ့ တိုက်ခတ်မှုကို ခံစားနေတဲ့ ကလေး ရဲ့ ပုံရိပ်ကလေးက သူမ ရင်ထဲကနေ လုံးဝမထွက်နိုင်တော့တဲ့ ပန်ချီကား တစ်ချက်လိုမျိုးပဲ။
ဒီလို မြင်ကွင်းမျိုးကို လက်လွှတ်ခံဖို့ မဖြစ်တာမို့ လက်မှာ ကိုင်ထားတဲ့ ကင်မရာ နဲ့ ချိန်ဆရင်း ထို ပုံလေးကို မှတ်တမ်းတင်ထားလိုက်တော့သည်။
ဘုရားရေ ကလေးပေါက်စက ဓာတ်ပုံထဲမှာတောင် အရမ်းလှနေပါလား။
"သူများ ပုံကို ခိုးရိုက်နေတယ်ပေါ့လေ.."
တစ်ဖလပ် ဖလပ်နဲ့ အသံခဏခဏကြားနေရတာမလို့ အနောက်လှည့်ကြည့်လိုက်တော့ ကင်မရာကြီးကိုင်ပြီး သူမကို ချိန်ရိုက်ကာ ပြုံးရွှင်နေတဲ့ အစ်မ။
"ပေါက်စက အရမ်း ရုပ်ဆိုးနေတာကိုတောင် အစ်မ သည်းခံပြီးရိုက်ပေးထားတာနော် အစ်မကို ကျေးဇူးတင်သင့်တယ်.."
"ဘယ်သူမှလဲ မရိုက်ခိုင်းပဲနဲ့များ.."
ဒီလောက်ချောတဲ့ သူမကို ရုပ်ဆိုးတယ်လို့ လာပြောနေသော အစ်မကို ဂြိုလ်ကြည့် ကြည့်ရင်း ဂျီဆူးတို့ အခင်းနားဆီကို ဆောင့်ဆောင့်အောင့်အောင့် လျှောက်လာ လိုက်တော့သည်။
"ဟိတ် ကောင်မလေး စိတ်ဆိုးသွားတာလား စောင့်အုန်းလေ.."
အနောက်ကလှမ်းအော်နေတဲ့ အစ်မ အသံကို မသိချင်ယောင်ဆောင်ရင်းနဲ့ပဲ ဆက်သွားနေလိုက်တော့သည်။
"ဂါး ဘာလို့ ဆွဲတာလဲ လွှတ်.."
လက်ကို လှမ်းဆွဲလိုက်တာကို ခွေးပေါက်လေးလို့ မာန်ဖီနေတဲ့ ကလေး ကြောင့် သူမ သဘောတစ်ကျ ရီမိသွားတော့သည်။ဒီကလေးလောက် ချစ်ဖို့ကောင်းတာ ဒီကလေးပဲရှိတယ်။
YOU ARE READING
You're Mine
Romansအစ်မ က ချယ်အပိုင်.. ချယ်တစ်ယောက်ထဲ အတွက်ပဲ။ unicode x zawgyi အစ်မက ချယ်အပိုင်... ချယ်တစ်ယောက်ထဲ အတွက်ပဲ။