[𝘐 𝘯𝘰𝘵 𝘭𝘰𝘴𝘦 𝘺𝘰𝘶 4]Zawgyi

677 27 0
                                    

Zawgyi

[Jennie Kim]

"ကဲ ဆိုစမ်းပါအုန်း"

လေးပင်းနေတဲ့ စိတ်ကို ပြေလိုပြေငှား သက်ပြင်း ချည်း ချနေပေမဲ့လည်း စိတ်တွေက မပြေပဲ ပိုလိုတောင်တိုးလာသေးသည်။

"ငါ တစ်ခုခုဖြစ်နေတယ်ဟာ"

"ဘာဖြစ်လို့လဲ"

"မသိတော့ဘူး"

ကျွန်မ ဖြေလိုက်တဲ့ အဖြေကြောင့် ကျွန်မကို စိတ်ကော မှန်သေးရဲ့လား ဆိုတဲ့ အဓိပ္ပာယ် များပါစွာ ကြည့်လာတဲ့ ဂျီဆူးရယ်ပါ။ကျွန်မ မညာပါဘူး တကယ်ပြောတာ။ကျွန်မ ဘာဖြစ်နေမှန်းကို တကယ်ကို မသိတော့တာ။

"ရူးနေလား ဂျန်းနီရယ်!!! ပြီးတော့ ဘာလို အရမ်းတွေ သက်ပြင်းချနေရတာလဲ တစ်ခုခု ဆို ငါ့ကို ပွင့်ပွင့်လင်းလင်းပြော နင့်စိတ်ထဲမှာ ဖြစ်နေတာ ငါ့ကိုပြော"

"ငါ နင့်ကို ပြောပြထားတဲ့ အဖေ မိတ်ဆွေ တွေရဲ့ အိမ်က ပြန်လာကတည်းက ငါ့စိတ်တွေ ဟာတာတာကြီး ဖြစ်နေတာ"

မျက်လုံး တစ်ဖက်ပင့်ပြီး အူကြောင်ကြောင်ပုံနဲ့ စဉ်းစားနေတဲ့ ဂျီဆူးကို ကျွန်မ အားကိုးတစ်ကြီးစိုက်ကြည့်နေမိတယ်။ကျွန်မ ဖြစ်နေတာတွေ ဂျီဆူး တစ်ခုခုများ အဖြေရမလား မသိဘူး ကျွန်မ ကိုယ်တိုင် ဖြစ်နေတဲ့ အရာတွေကို ကျွန်မ မသိလိုက်ခင်မှာပဲ အကဲခတ်တော်တဲ့ ဂျီဆူးက အားလုံးသိနေတာမလို့ သူ့ကို အားကိုးတစ်ကြီး စိုက်ကြည့်မိချင်းပင်။ဂျီဆူးက အူကြောင်ကြောင် နိုင်ပေမဲ့ ကျွန်မဖြစ်နေတာတွေကို နားလည်ပေး နိုင်တဲ့ လူတစ်ယောက်ပဲ။

"နင် အဲ့မှာ ဘဲ ချောချောလေးတွေ နဲ့ များ တွေ့ခဲ့သေးလား"

လက်ဖြောက် တစ်ချက် တီးပြီး အဖြေရသွားဟန်ရှိတဲ့ ဂျီဆူးအမေးကို နားမလည်စွာ ပြန်ဖြေလိုက်တယ်။

"အဲ့အိမ်မှာ ဘဲ မပြောနဲ့ ယော်ကျား သားဆိုလို့ အန်ကယ်ကြီး တစ်ယောက်ပဲ ရှိတာ အာ..အဲ့မှာ ကောင်မလေးတစ်ယောက်တော့ရှိတယ် သူ့ကိုကြည့်လိုက်တိုင်းလေ ငါ့ကိုယ်က ပူလာသလိုပဲ ပြီးတော့လေ ခန္ဓာကိုယ် ကြီးက လျှပ်စီး လိုက်သလို မျိုးပဲ တစ်ချက် တစ်ချက် ကျင်ကျင်တက် သွားတယ်"

You're MineWhere stories live. Discover now