[𝘐 𝘯𝘰𝘵 𝘭𝘰𝘴𝘦 𝘺𝘰𝘶 11]U+Z

1.2K 127 13
                                    

Unicode

[Chaennie]

"ဟေ့ ကောင်မလေး!!!"

အနောက်က ခပ်စူးစူး အေးစက်စက် အသံ တစ်စုံဟာ မပီတပီနှင့်။လှမ်းနေတဲ့ ခြေလှမ်းများဟာ မထိန်းချုပ်နိုင်စွာ ရပ်တန့်လိုက်မိပြီး အနောက်ကိုလှည့်ကြည့်မိလိုက်တော့သည်။

ဆံပင်က နီ ညှိုရောင်သန်းနေပြီး ရှုပ်ပွနေတဲ့ မျက်နှာက မျက်တွင်းများကြောင့် ရုပ်ဟာ ကြောက်ဖို့ကောင်းတဲ့ မကောင်းဆိုးဝါးတစ်ကောင်နဲ့မခြားနားစွာ တူလွန်းနေတာမလို့ သူမ စိတ်တွေဟာ ကြောက်လန့်မိသွားရတော့တယ်။ထိုလူက အစ်မရဲ့ ရည်းစားဟောင်း။

ထို လူဟာ သူမ အနားကို တစ်ဖြေးဖြေးတိုးလာသည်နှင့်အမျှ ထထောင်းထောင်းထနေတဲ့ အရက်နံ့ဟာလဲ စူးရှလာတော့သည်။မလှုပ်မယှက်ဖြစ်နေသော ခြေထောက်များကို ထွက်ပြေးရန် ဦးနှောက်က အသိပေးနေပေမဲ့ ကြောက်စိတ်ကြောင့် ခြေထောက်တွေဟာ တုတ်တုတ်မျှမလှုပ်။

"ကလေး!!!အဆင်ပြေရဲ့လား အစ်မကို ပြန်ဖြေပါအုန်း"

နားမှာ ကပ်ထားတဲ့ ဖုန်းက အစ်မရဲ့ စိုးရိမ်သံကြောင့် အသိစိတ်များကပ်ကာ ပေတေနေတဲ့ ခြေထောက်များကို အလုပ်ပေးပြီး ထွက်ပြေးရန်ကြံလိုက်တော့သည်။

"ဟေ့ ဘယ်ပြေးတာလဲကွ!!"

အနောက်ကနေ ပြေးလိုက်နေတဲ့ ထိုလူ့ရဲ့လက်က လွတ်အောင်ပြေးနေပေမဲ့ အနောက်ကလိုက်လာတဲ့ ထိုလူရဲ့ခြေသံတွေက တပ်ကျပ်မကွာ ကပ်ပါလာတော့သည်။

"အစ်မ မြန်မြန်လာပါ!!!!"

ပြေးတယ်။ပြေးတယ်။အောက်မှာ ခံနေသော  ေ-ာက်ခဲလုံးကြောင့် သူမ ခြေထောက်တွေဟာ ယိုင်ထိုးပြီ အောက်ကို တမင်ခွေ လဲကျသွားတော့သည်။အရှေ့မှာ ရပ်နေတဲ့ ထိုလူရဲ့ မျက်လုံးများဟာ ကြောက်ဖို့ကောင်းအောင် နီရဲနေပြီး နှုတ်ခမ်းမှာ ဆင်မြဲထားတဲ့ အပြုံးဟာ မကောင်းဆိုးဝါးတစ်ကောင်လိုပဲ။

လဲကျရာမှာ သူမ လက်ကနေ လွှင့်ထွက်သွားတဲ့ ဖုန်းလေးကို ထိုလူဟာ ခြေထောက်နဲ့ ကွဲအောင် အညှာတာကင်းမဲ့စွာ တက်နင်းပစ်တော့သည်။သူမ ဖုန်းကို မနှမြောနိုင်ပါ သူမ စိတ်ထဲမှာ ကြောက်ပဲကြောက်မိနေတယ်။

You're MineWhere stories live. Discover now