Unicode
[Chae Young]
မနက်ခင်းရဲ့ လှပတဲ့ နေရောင်ခြည်က မျက်နှာ ပေါ် ဖြာကျနေ တော့ အိပ်ရတာ ဇိမ်မကျတော့တာမလို့ မပွင့်တဲ့ မျက်လုံးနှစ်လုံးကဖြေးညှင်းစွာ ပွင့်လာတော့သည်။
"အား..မနေ့ညက ပြတင်းပေါက် မပိတ်မိတာ မဟာအမှားပဲ"
လေးပင် နေတဲ့ စိတ်ကို ဆွဲဆန့်ပြီး ပြတင်းပေါက်ကို ဘုန်းကနဲ ပိတ်ကာ ကုတင်ပေါ်မှာ ပြန်အိပ်လိုက်ဖို့ ကျန်နေတုန်း
"Young ဟဲ့ ထတော့ ကာလနဂါးရဲ့!!!!"
တံခါးကို တစ်ဘုန်းဘုန်း ရိုက်ထုနေတဲ့ လာလီဆာကို စိတ်ထဲမှာ ကျိန်ဆဲပစ်လိုက်တော့တယ်။အိပ်ချင်နေပါတယ်ဆို တကယ့်အရှုပ်ထုပ်ပဲ။
"နားငြီးတယ်!!"
အိပ်ချင်မူးတူးနဲ့ လှမ်း အော်လိုက်ပြီးသည်နှင့် ပက်လက်လှန်အိပ်လိုက်ပြီးတာနဲ့ ခေါင်းအုံးကို ခေါင်းပေါ်တင်ကာ ဖိအိပ်ထားလိုက်တော့တယ်။
"Yarr!!!!"
လာလီဆာ ဆက်ထု နေရင် ကျွန်မ အခန်းတံခါး ပျက်ဖို့ပဲရှိတော့တာမလို့ ခေါင်းအုံးကို လွှင့်ပစ်လိုက်သည်။ပြီးမှ တံခါးကိုသွားဖွင့်ပေးလိုက်တော့ ပြောင်ဆပ်ဆပ် မျက်နှာထားနဲ့ ကြည့်နေတဲ့ လာလီဆာ။
"မနက်စောစောစီးစီး ကျက်သရေမရှိလိုက်တာ"
"ငါတို့အပြင် သွားရအောင်လေ"
တက်တက်ကြွကြွနဲ့ အပြင်သွားဖို့ လာပြောတဲ့ လာလီဆာကြောင့် ကျွန်မ စိတ်ပျက်လက်ပျက် ငြီးငြူမိတယ်။
"ငါသွားလို့မရပါဘူးဟာ"
ဘုန်း!!!
အိပ်ယာပေါ်ကို စိတ်ညစ်ညစ်နဲ့ အားမရှိဟန် လှဲချလိုက်သည်။ လီဆာက အခန်းထဲဝင်လာပြီး ခုံမှာထိုင်ကာ ဘာလို့လဲလို့ မေးငေါ့ပြနေတာမလို့ စိတ်ညစ်ညစ်နဲ့ ထပ်ပြီး ငြီးငြူမိပြန်တယ်။
"ဒီနေ့ အိမ်မှာ ဒယ်ဒီ ရဲ့ ဧည့်သည် တွေလာမှာ အဲ့တာ ငါ့ကို အပြင်မသွားရဘူးတဲ့"
"နင့် ဒယ်ဒီကလဲ မမိုက်ပါဘူးဟာ"
လီဆာကို အပြောကို မှိတ်ထားတဲ့ မျက်လုံးတွေကို မဖွင့်ပဲ ခေါင်းငြိမ့်ပြလိုက် တော့သည်။မနေ့ညက ကလပ်သွားထားတာ တစ်ကိုယ်လုံး ကိုက်ခဲ နေတာ မလို့ လူက မလှုပ်ချင်။အိပ်ချင် စိတ်သာ ကြီးစိုး နေတယ်။
YOU ARE READING
You're Mine
Romanceအစ်မ က ချယ်အပိုင်.. ချယ်တစ်ယောက်ထဲ အတွက်ပဲ။ unicode x zawgyi အစ်မက ချယ်အပိုင်... ချယ်တစ်ယောက်ထဲ အတွက်ပဲ။