[𝘐 𝘯𝘰𝘵 𝘭𝘰𝘴𝘦 𝘺𝘰𝘶 29]U+Z

1.1K 97 22
                                    

[Chaennie]

"အစ်မ မာမီအတွက် ပါမုန့်သွားဝယ်ရအောင်"

ထိုင်ခုံမှာ အေးအေးလူလူထိုင်ပြီး ဟိုကြည့် ဒီကြည့်လုပ်နေတုန်း ကလေးက လာပြောလေသည်။

"သွားကြတာပေါ့.."

"အစ်မ ပျင်းနေပြီလားဟင်"

ကလေးက သူမ လက်မောင်းကို တွဲရင်း အားနာဟန်မျက်လုံးမျိုးများဖြင့် မေးသည် သူမလဲ ကလေးကို ပြုံးပြလိုက်ရင်း ကလေးရဲ့ ပါးဖောင်းဖောင်းကလေးတွေကို ခပ်ဖွဖွလေးဆွဲလိုက်သည်။

"ဒီက ကလေးလေး ရှိနေလို့ ပျင်းတယ်လို့တောင် မတွေးမိဘူး"

"ဟီး တော်ပါသေးရဲ့ အစ်မ ပျင်းနေပြီထင်တာ အားနာပါတယ် အစ်မရယ် အစ်မလဲ ပင်ပန်းနေရောပေါ့.."

ဒီကလေးပေါက်လေးက သူမကို တကယ်ကြီး အားနာ နေတာပဲ။ဘာမှမဟုတ်တာလေးကို သိပ်ချစ်ဖို့ကောင်းလိုက်တာကွာ။

"အားနာစရာလိုလို့လားကလေးရဲ့ မကြာခင် ကလေးဇနီး ဖြစ်လာမဲ့လူကို အားနာနေတယ်ပေါ့လေ ဟုတ်လား မိန်းမ"

မိန်းမလို့ ခေါ်လိုက်လို့ နီနီကလေး ဖြစ်သွားတဲ့ ပါးကလေးကို ကြည့်ပြီး သူမမှာ အသဲတွေယားလိုက်တာ။ဒီကလေး ရှက်ရင် နီသွားတဲ့ ပါးကလေးတွေ နိဗ္ဗာန်ပဲ။

"ဘာ မိန်းမလဲ.."

"ဟင် မိန်းမ မဟုတ်ဘူးလား ဒါဆို ယောကျာ်းကြီးလား.."

သူမ သဘောတစ်ကျရီရင်း ကလေးရဲ့ ရဲနေတဲ့ ပါးကလေးကို မြတ်နိုးစွာနမ်းလိုက်သည်။လူတွေ ကြည့်နေကျသော်လည်း သူမတို့က ပတ်ဝန်းကျင်ကို လုံးဝ အရေးတယူ သတိမရနေခဲ့ပါ။

"အစ်မကလဲကွာ.."

"ကိုယ့်မိန်းမကို မိန်းမ လို့ခေါ်တာလေ အစ်မ ဘာမှားလို့လဲ မိန်းမရဲ့.."

"တော်ပြီကွာ မြန်မြန်လာ ပါမုန့်သွားဝယ်မယ်"

အရှက်သဲစွာဖြင့် လုံးလုံးလေး ပြေးသွားတဲ့ ရှဥ့်ပေါက်လေးကို ကြည့်ပြီး သူမ သဘောတစ်ကျရီလိုက်မိတော့လေတယ်။

"ချစ်ဖို့ကောင်းလိုက်တာကွာ.."

သူမ ထိုင်ခုံက အိတ်ထဲကို ဖုန်းထည့်လိုက်ပြီး ခပ်မြန်မြန် ကလေးဆီကို ပြေးသွားလိုက်သည်။

You're MineWhere stories live. Discover now