[𝘐 𝘯𝘰𝘵 𝘭𝘰𝘴𝘦 𝘺𝘰𝘶 17]U+Z

1.1K 105 7
                                    

Unicode

[Chaennie]

[ယခု]

"လာပြီလား ယောင်းလေး တော်ပါသေးတယ် ယောင်းလေးလာလို့ပေါ့ မဟုတ်ရင် ဒီငမူးက သောင်းကျန်းနေတော့မှာ.."

ဂျီဆူးဘေးက မှောက်နေတဲ့ အစ်မကိုကြည့်ပြီး သူမ စိုးရိမ်သွားမိတော့သည်။အစ်မအနားကို အပြေးလေးသွားလိုက်ပြီး။

"ဘာလို့ အရမ်းသောက်နေထားတာတုန်း အစ်မဘာဖြစ်လို့လဲ ဂျီဆူး.."

သူမ အမေးကို ဂျီဆူးက သက်ပြင်းချပြီးတော့ မကြည်ကြည့် လေးနဲ့ ကြည့်လာတော့ နည်းနည်းတော့ ကြောင်သွားသည်။

"ရှင်လေးကြောင့်ပေါ့ ရှင်က သူကို အဆက်သွယ်ဖြတ်ထားတော့ သူခဗျာ မအိပ်နိုင်မစားနိုင်နဲ့ အခန်းပဲအောင်းနေတာ.."

ဂျီဆူးစကားမှာ သူမ ဝမ်းနည်းမိသွားသည်။ဒီရက်ပိုင်းအတွင်း ဟိုခွေးကောင်ကြောင့် အစ်မကို ပစ်ထားမိသလို ဖြစ်သွားခဲ့တယ်။တောင်းပန်ပါတယ်အစ်မရယ် အစ်မကိုထပ်ပြီး မပြစ်ထားတော့ဘူး။သူမ ဆုံးဖြတ်ချက်ချလိုက်ပြီး ကဒ်ပိတ်လဲ အပိတ်ခံလိုက်တော့မယ် အစ်မအနားမှာပဲ သူမ နေတော့မယ်။

"ယောင်းလဲ ဒီရက်ပိုင်း ကိစ္စ လေးတွေရှိနေလို့.."

သူမ ငိုမဲ့မဲ့ကလေးပြောတော့ ဂျီဆူးဟာ ထပ်ပြီး သက်ပြင်းချကာ မှောက်နေတဲ့ ဂျန်းနီကို ထူလိုက်ရင်း

"သူ့ကို ခေါ်သွားပေးမလား ယောင်း ဂျီဆူး လီလီလေးဆီသွားမလို့ သူဖုန်းဆက်ပြီးလာဖို့ပြောနေတာ မနက်ကတည်းက.."

မနက်ကတည်းက လီဆာတစ်ယောက် သူ့ဆီကိုလာဖို့ ပြောနေတာ အခုထိပင်။ငိုမဲ့မဲ့ စတေကာလေးနဲ့ မက်ဆေ့ပို့ထားတာမလို့ ကိုယ်လဲ သနားမိပြီး ငမူးကို ယောင်းကို အပ်လိုက်မယ်လို့ တွေးမိတော့တယ်။သနားမိတာထက် ကိုယ်ကပါ လွမ်းမိနေတာပေါ့ မနက်ကတည်းက ကလေး မျက်နှာလေးမှ မမြင်ရသေးတာ။

"ဟုတ်ဟုတ် အစ်မ မပြောလဲ ယောင်းက ခေါ်သွားမလားလို့.."

"ကဲ ဒါဆိုလဲ အစ်မသွားတော့မယ်နော် ဒန်နီရေ ငါတို့သွားပြီ.."

ဂျီဆူး နှုတ်ဆက်တဲ့နေရာကိုကြည့်လိုက်တော့ ခပ်ကိတ်ကိတ် အစ်မကြီးတစ်ယောက်။ချောလိုက်တာ မင်းသမီးတောင် အရှုံးပေးရလောက်ပါလား။ဒါပေမဲ့ အစ်မလောက်တော့ မချောတာ အမှန်ပဲ။

You're MineWhere stories live. Discover now