[𝘐 𝘯𝘰𝘵 𝘭𝘰𝘴𝘦 𝘺𝘰𝘶 32]U+Z

994 87 14
                                    

Unicode

[Jennie Kim]

"ဟူး.. ကံတရားကြီးက တော်တော် စိတ်ပျက်ဖို့ကောင်းလိုက်တာ.."

ပထမဆုံး ရုံးတက်ရက်မှာတင် သူမ ထွက်ပြေးချင်စိတ်တွေ ပေါက်နေတာ စိတ်ပျက်စရာကြီး မဟုတ်လား။

သက်ပြင်းကို ရှိုက်ထုပ်လိုက်ပြီး စိတ်ညစ်မှုတွေ ပျောက်လို ပျောက်ငှား ရှိမလားဆိုပေမဲ့ မရှိခဲ့။

*ကျွီ*

တံခါးကို ဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ မျက်နှာကြောင့် သူမ စိတ်များစွာဟာ ဂိတ်ဆုံးထိ ထိုးကျသွားတော့သည်။

"ဂျန်းလေး လာပြီလား တို့က မျှော်နေတာ.."

ခပ်ရွှဲရွှဲ စကားများကို ဂရုမစိုက်ဟန်ပြုပြီး နေရာကျတဲ့ ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

"မနက်စာ စားခဲ့ပြီပြီလားဟင် ဒီမှာ ကော်ဖီချိုချိုလေး ဝယ်ခဲ့တယ်.."

သူမ ခုံပေါ်လာတင်တဲ့ ကော်ဖီခွက်ကို သူမယူပြီး အမှိုက်တောင်းထဲကို ပစ်ထည့်လိုက်သည်။

"ငါ ကော်ဖီ အချို မကြိုက်ဘူး.."

အေးစက်စွာ ပြောလိုက်တော့ ပျက်ရွမ်းသွားတဲ့ မျက်နှာဟာ အထင်းသား။

''ဒီနေ့ အချိန်ဇယား ဘာရှိလဲ.."

"နောက် ဆယ်မိနစ်နေရင် အစည်းအဝေး တတ်ရမယ် ဥက္ကဌ က ဂျန်းကို မိတ်ဆက်ပွဲ ကြော်ငြာပေးမလို့တဲ့.."

"အော်..အင်း"

"တစ်ခုခုစားမလား တို့ သွားယူပေးမယ်လေ.."

သူမ စကားထပ်မပြောချင်တော့တာမလို့ ခေါင်းပဲ ခါပြလိုက်သည်။

"တို့ကို စကားမပြောချင်ဘူးလားဟင် ခွင့်မလွှတ်နိုင်သေးဘူးလား.."

ရွဲဆိုသောစကားကြောင့် သူမ မော့ကြည့်လိုက်တော့ ငိုမဲ့မဲ့ မျက်နှာဟာ သိပ်ကို စိတ်ပျက်စရာကောင်းနေပါရော့လား။

"ကျွန်မကလေ မျက်နှာများတဲ့ မိန်းမတွေကိုစို သိပ်မုန်းတာ ပြီးတော့  ငွေမျက်နှာကိုပဲကြည့်တတ်တဲ့ မိန်းမတွေကိုလဲ သိပ်မုန်းတယ်.."

သူမ နာကျည်းစွာ ဆိုလိုက်တော့ ပျက်ယွင်းသွားတဲ့ မျက်နှာဟာ ပြိုတော့မဲ့မိုး လို သိပ်ကို ဟန်ဆောင်ကောင်းလွန်းပါလား။

You're MineWhere stories live. Discover now