[𝘐 𝘯𝘰𝘵 𝘭𝘰𝘴𝘦 𝘺𝘰𝘶 20]U+Z

1.1K 90 4
                                    

Unicode

[Chaennie]

"အစ်မ ချယ် အိမ်ပြန်ရောက်ပြီ.."

အစ်မ ဆီကို မက်ဆေ့ လှမ်းပို့ပြီး ပတ်ထားတဲ့ ခါးပတ်ကို ဖြုတ်ကာ အိမ်ထဲကိုဝင်ဖို့လုပ်တော့သည်။အိမ်ထဲရောက်ရင် မာမီနဲ့ ပြသနာ တက်တော့မှာကို သိတာမလို့ သက်ပြင်းချည်းချနေမိတော့သည်။

ဧည့်ခန်းထဲကို ကြည့်လိုက်တော့ မာမီက မရှိတာမလို့ သူမ အတော်ပင် ဝမ်းသာသွားတော့သည်။အခန်းထဲကို အမြန်ပြေးတက်မယ် ပြင်နေတုန်းမှာပဲ။

"ပတ်ချယ်ယောင်း!"

အနောက်ကထွက်ပေါ်လာတဲ့ မာမီ အသံကြီးကြောင့် သူမ ခြေလှမ်းတွေဟာ ရပ်တန့်သွားပြီး တုန်တက်သွားတော့သည်။ကျစ် ကံမကောင်းပါလား။

"ဟုတ်ကဲ့ ပြောပါ မာမီ.."

အသံကို တက်နိုင်သလောက် ချိုသွေးရင်း မာမီကို ပြောလိုက်တော့သည်။မာမီရဲ့ မျက်နှာက တင်းမာနေဆဲမလို့ သူမ နည်းနည်းတော့ လန့်မိသည်။လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း မာမီပြောမဲ့စကားများကို နားထောင်နေလိုက်တယ်။

"နင်ဘယ်တွေသွားနေတာလဲ ဂျွန်က ပြောနေတယ် ဒီနေ့ Dateကို နင်မလာဖူးဆို!!!"

"သမီး တမင်မသွားတာမာမီ သမီး သူ့ကိုမချစ်ဘူး လက်လဲလက်မထက်နိုင်ဘူး သမီးစိတ်တိုင်းကျပဲ လုပ်တော့မယ်!!"

ဒေါသကိုထိန်းချုပ်ရင်း ပြောလိုက်တော့ အံ့ကို ကြိတ်ထားတဲ့ မာမီဟာ သူမ နားကို တိုးကပ်လာခဲ့တယ်။မာမီဆီကနေ ဝိုင်အနံ့တွေဟာ ထောင်းကနဲ။မာမီရဲ့ လက်နှစ်ဖက်က သူမ ပုခုံးတွေကို အားပါပါ ဆုပ်ကိုင်လိုက်တာမလို့ သူမ ပုခုံးများက နာကျင်မှုကို ခံစားလိုက်ရတော့တယ်။

"နင်က ငါ့သမီး နင့်ကိုငါမွေးထားတာ နင်ငါ့စကားကို နားထောင်ရမယ် ငါပြောတဲ့အတိုင်းလုပ်ရမယ် ငါ့ကို ဘာမှ ပြန် မထွန့်မတက်နဲ့!!!"

"သမီးက အရုပ် မဟုတ်ဘူး မာမီ!!!"

နှစ်ယောက်လုံးရဲ့ အခြေအနေဟာ တင်းမာနေဆဲပင်။ဒေါသထွက်နေတဲ့ မာမီရဲ့ မျက်နှာက မျက်လုံးများဟာ နီရဲလာပြီး ပုခုံးကို ဆုပ်ကိုင်ထားသော လက်များဟာလဲ ပိုမို တင်းကျပ် လာတော့သည်။

You're MineWhere stories live. Discover now