Chapter-4 (Zawgyi)

125 7 0
                                    

ဒီ​နေ့မနက်​ခင်း ရာသီဥတုကသိပ်​မ​ကောင်းဘူးဖြစ်​​နေတယ်​ ​ကောင်းကင်​ကအုံ့မှိုင်း​နေပြီး မိုးကဘယ်​အချိန်​ရွာရွာ ရွာချပစ်​လိုက်​နိုင်​တယ်​လို့ လူ​တွေကိုသတိ​ပေး​နေတဲ့အတိုင်းပဲ ​ပြောရမယ်​ဆိုရင်​ Techno​လေးရဲ့ရင်​ထဲကဖြစ်​ပျက်​​နေတဲ့အတိုင်း ​ကောင်းကင်​ကြီးကအုံ့မှိုင်း​နေတယ်​တို့ဘာတို့

Techno တစ်​ကယ်​​ပျော်​မ​နေဘူး စိတ်​​တွေပဲညစ်​​နေတာ စိတ်​ဓာတ်​​တွေလည်းကျပါတယ်​ ဒါ​ပေမယ့်​လည်း အိမ်​ထဲက​နေအိမ်​ပြင်​ကိုထွက်​လိုက်​လိုက်​ချငိးမှာပဲ Kengklaရဲ့အပြုံးကိုမမြင်​ချင်​လည်းမြင်​​နေရတာပါပဲ

Kengklaရဲ့အပြုံးကအုံ့မှိုင်း​နေတဲ့ရာသီဥတုကြီးကို လင်းထင်းသွား​စေတယ်​ဆိုတဲ့အချက်​ကို​တော့မငြင်းမိ​ပေမယ့်​​ပေါ့

" ​ကောင်း​သောနံနက်​ခင်းပါ P'no "

"မင်း ဒီကိုဘယ်​လိုလုပ်​​ရောက်​လာတာလဲ"

သူဖုန်း​တောင်​မဆက်​ရ​သေးပဲနဲ့ သူရုံးသွားဖို့အတွက်​စီးစရာမရှိဘူးဆိုတာကိုတပ်​အပ်​သိ​နေသလိုမျိုး ဒီ​ကောင်​​လေးကသူ့အိမ်​​ရှေ့ကိုဘာလို့​ရောက်​​နေတာလဲ

Kengklaက​တော့ သူ့ကိုမအီမလည်​ကြည့်​​နေတဲ့အ​ရှေ့ကလူကိုကြည့်​ရင်းစိတ်​ထဲကပြုံးမိတယ်​ ဒီလိုမျိုးအ​ရေး​ပေါ်ကိစ္စဖြစ်​​နေရင်​​တောင်​မှP'noက သူ့ကိုမ​ခေါ်​လောက်​ဘူးလို့​တွေးထားခဲ့တာ တစ်​ကယ်​လည်းမ​ခေါ်ခဲ့ပါဘူး​လေ ​နောက်​ပြီး​တော့P'noစီးစရာမရှိတဲ့တိုက်​ဆိုင်​မှူကသူ့ရဲ့လုပ်​​ဆောင်​မှူ​လေ P'noနဲ့အတူရှိဖို့အတွက်​အ​ကြောင်းအရင်း​တွေကိုတတ်​နိုင်​သမျှဖန်​တီးသွားမယ်​လို့​ပြောထားခဲ့တယ်​မလား အခုကဒီအ​ကြောင်းအရင်း​တွေထဲကတစ်​ခုပဲ

Technoက​တော့အခုထက်​ထိအ​ခြေအ​နေ​တွေကိုအသားမကျ​သေးဘူး ​သေချာတာတစ်​ခုက​တော့ သူဒီ​ကောင်​​လေးကိုဖုန်းမဆက်​ထားဘူး​လေ ဒီ​တော့ ဒီ​ကောင်​​လေးကဒီ​နေရာမှာရှိ​နေစရာအ​ကြောင်းကိုမရှိတာ အမှန်​အတိုင်း​ပြောရရင်​ Technoက​ဘေးအိမ်​ကလူနဲ့ဘတ်​စ်​ကားဂိတ်​အထိအတူသွားဖို့စီစဉ်​ပြီးပြီ ​ဘေးအိမ်​ကလူကသူ့ဆိုင်​ကယ်​နဲ့ဘတ်​စ်​ကားဂိတ်​အထိ​ခေါ်သွား​ပေးလိမ့်​မယ်​ ပြီး​တော့မှသူကဘတ်​စ်​ကားနဲ့ရုံးကိုသွား​ပေါ့

How to secretly(မြန်​မာဘာသာပြန်​/မြန်​မာဘာသာပြန်)Where stories live. Discover now