" မင်းဒီနေ့အားလား ငါစျေးဝယ်ထွက်မလိူ့ အဲ့ဒါအဖော်လိုက်ခဲ့ချင်လား "
"အားတယ် ခဏလေး ဒီတစ်ခေါက် ကျွန်တော် P'ကိုလာကြိုမယ်နော်"
ဒါကတော့လတ်တလောကမှချစ်သူတွေဖြစ်ထားတဲ့ပူပူနွေးနွေးစုံတွဲလေးရဲ့လွန်ခဲ့တဲ့တစ်နာရီအကြာကပြောထားတဲ့Messageတွေပဲဖြစ်ပါတယ်
တစ်ခဏလေးပဲဖြစ်ဖြစ်P'Noနဲ့အတူရှိချင်နေတဲ့ Kengklaကတော့ စတိုးဆိုင်ထဲကအထွက်ဖုန်းကိုကြည့်ပြီးပြုံးလိုက်တယ်
Kengklaကတော့ဘယ်သူ့ကိုမှမကြည့်ပဲပြုံးလိုက်တာပဲ ဒါပေမယ့် စတိုးဆိုင်ရှေ့ကနေဖြတ်သွားသမျှကောင်မလေးတွေအကုန်လုံးကတော့အနောက်ကိုသမင်လည်ပြန်အကြည့်ကိုယ်စီနဲ့
အရောင်နုနုရှပ်အကျီင်္နဲ့လက်ကိုခေါက်တင်ထားပြီး ဂျင်းဘောင်းဘီအနက် နာမည်ကြီးတံဆိပ်ဖိနပ်နဲ့ သန့်ပြန့်နေတဲ့Kengkla သူကတော့ဒီအတိုင်းရိုးရိုးရှင်းရှင်းဝတ်လာတာပဲဆိုပေမယ့် သူ့ရဲ့ပုံစံက စင်ပေါ်မှာတင်ထားတဲ့ဖက်ရှင်မဂ္ဂဇင်းစာအူပ်တွေထဲကပြေးထွက်လာတဲ့မော်ဒယ်တစ်ယောက်လိုဖြစ်နေတယ်
ဒါတွေအားလုံးက အရပ်ရှည်ရှည် တောင့်တင်းတဲ့ခန္တာကိုယ် အထာကျကျပုံသွင်းထားတဲ့ဆံပင်ကေ ချောမောလှတဲ့မျက်နှာ နောက်ပြီးတောက်ပလှတဲ့မျက်ဝန်းတွေကြောင့်ပဲနေမှာပါ
ကောင်လေးကနံရံကိုမတ်တပ်မှီရပ်ရင်းနဲ့ပဲ သူ့လက်ထဲကဖုန်းကိုတစ်စူးတစ်စိုက်ကြည့်နေတယ် လောလောဆယ်တော့ သူ့လက်ထဲကဖုန်းကလွဲလို့တစ်လောကလုံးဘယ်သူ့ကိုမှသူဂရုမစိုက်ဘူး
သူကဘယ်သူ့ကိုမှဂရုမစိုက်ပေမယ့် လူတိုင်းကတော့သူ့ကိုဂရုစိုက်ကြတယ် ကောင်မလေးတွေဆိုနေရာတိုင်းကနေကွက်ကြည့်ကွက်ကြည့်နဲ့
P'Noကသူ့ကိုဒီနေရာမှာတွေ့ကြမယ်လို့ပြောထားခဲ့တာ သူအိမ်ကိုသွားကြိုချင်ပေမယ့်လည်း P'Noကသူ့ကိုအကြိုမခံဘူး ဒီမှာပဲတွေ့ကြရအောင်တဲ့လေ ဘာကြောင့်လဲဆိုတာကိုစဉ်းစားနေခဲ့ပေမယ့် နောက်ဆုံးတော့သူသိသွားခဲ့တယ် Ai'Nicကသူ့ဆိုင်ကယ်ကိုအိမ်ကိုပြန်သယ်သွားတာကိုး
YOU ARE READING
How to secretly(ျမန္မာဘာသာျပန္/မြန်မာဘာသာပြန်)
Roman d'amourTitle:HOW TO SECRETLY Author:Khun MAME Translator:Yurio Kuco Length:13 Chapter Main pair:Kengkla ♥ Techno