Chapter-12 (Unicode)

500 38 6
                                    

"စိတ်လျှော့ Ai'No ရေသောက်လိုက်ဦး"

" Sobs Sobs Sobs "

(အရင်တုန်းက ယူရီအို ဒါကိုရွှတ်လို့ဘာသာပြန်ခဲ့ဖူးပါတယ် ဒါပေမယ့် အဲ့ဒီတုန်းက စာဖတ်သူတစ်ယောက်ပြောတာက ရွှတ်ဆိုတော့ငိုရမယ့်ခံစားချက်ကပျောက်သွားတယ်တဲ့ အဲ့ဒါနဲ့ဒီEnglishပုံစံကိုပဲပြန်ပြီးအသုံးပြုဖို့ဆုံးဖြတ်လိုက်ပါတယ်)

အခုချိန်မှာတော့ Tharntypeတို့ချစ်သူနှစ်ယောက်ရဲ့အခန်းထဲမှာ သူတို့ပထမနှစ်ကတည်းကသိခဲ့တဲ့ ဘောလုံးအသင်းခေါင်းဆောင်ဟောင်းကအားပါးတရကိုငိုနေတယ်

သူ့ရဲ့ပုခုံးနှစ်ဖက်ကတစ်ဆတ်ဆတ်တုန်နေပြီး မျက်ရည်တွေစီးကျနေတဲ့အဲ့ဒီမျက်နှာကကြည့့်လို့ကိုအဆင်မပြေဘူး ဒါပေမယ့် သူ့သူငယ်ချင်းနှစ်ယောက်လည်းဘာပြောရမယ်မှန်းမသိပဲ တစ်ယောက်ကိုတစ်ယောက်အသာကြည့်ရင်းသက်ပြင်းချမိတယ်

Type သူ့တစ်သက်လူံး ဒီသူငယ်ချင်းငိုတာကိုတစ်ခါမှကိုမမြင်ခဲ့ဖူးဘူး သြော် မနှစ်ကတုန်းက ပထမနှစ်ကတည်းကသူ့အိပ်မက်ဖြစ်ခဲ့တဲ့ဘောလုံးပွဲကိုဝင်ခွင့်ရရမယ့်ပွဲကို သူတို့ရှူံးခဲ့တုန်းကငိုခဲ့တာကလွဲလို့ပေါ့

အဲ့ဒါတောင်မှပဲ ဒီအရူးကောင်က သူကအရာအားလူံးအဆငိပြေတဲ့ပုံနဲ့ဂျူနီယာလေးတွေကိုလိုက်ပြီးတော့အားပေးနေခဲ့သေးတာ

တစ်ကယ်တမ်းစိတ်အထိခိုက်ရဆုံးကသူပဲလို့ ဘယ်သူကထင်ထားခဲ့မှာလဲ

နောက်ပြီးတော့သူက သူများတွေရှေ့မှာငိုပြီး မျက်ရည်ချူတတ်တဲ့သူလည်းမဟူတ်ဘူး

အဲ့ဒီတုန်းကလည်းကလေးတွေရှေ့မှာလုံးဝမငိုပဲ ကျောင်းကိုကားပြန်ရောက်လို့ အကုန်လုံးပြန်ထွက်သွားပြီး ပထမနှစ်ကတည်းကသူနဲ့အတူအသင်းကိုJoinခဲ့တဲ့ Ai'Champနဲ့သူ့ရှေ့မှာပဲငိုခဲ့တာ

သူတို့အဖွဲ့ကျရှူံးခဲ့တဲ့အတွက် သူ့ကိုယ်သူအပြစ်တင်တယ် သူပထမနှစ်တုန်းကတည်းကမက်ခဲ့ရတဲ့အိပ်မက်ကတစ်စစီကြေမွသွားပြီဆိုတာကိုပဲထပ်ခါထပ်ခါပြောရင်းငိုတယ်

အဲ့ဒီအချိန်က Technoအဲ့ဒီလိုမျိုးငိူကြွေးနေတာကို ပထမဆုံးမြင်ဖူးတဲ့အချိန်ပဲ အခုတော့သူနောက်ထပ်တစ်ကြိမ်အဲ့ဒါမျိုးကိုမြင်နေရပြန်ပြီ

How to secretly(မြန်​မာဘာသာပြန်​/မြန်​မာဘာသာပြန်)Where stories live. Discover now