Chapter-6 (Zawgyi)

103 8 0
                                    

လိုက်​ကာထူထူ​တွေကိုဖြတ်​သန်းလာတဲ့နံနက်​ခင်း​နေ​ရောင်​ခြည်​က အဖြူ​ရောင်​ခြယ်​ထားတဲ့အနက်​​ရောင်​ပရိ​ဘောဂ​တွေရှိတဲ့အခန်းရဲ့ လျှို့ဝှက်​ချက်​တစ်​ခုကိုထုတ်​​ဖော်​လိုက်​တယ်​ အခန်းအလယ်​မှာ​တော့ အညို​ရောင်​ရယ်​နို့နှစ်​​ရောင်​ရယ်​နဲ့ခြယ်​ထားတဲ့ နှစ်​​ယောက်​အိပ်​ကုတင်​အကြီးကြီးတစ်​ခုက ကုတင်​​ပေါ်မှာအိပ်​​နေတဲ့လူတစ်​​ယောက်​ကိုနူးညံ့ညင်​သာမှူအပြည့်​နဲ့အတူ အိပ်​​မောကျ​နေ​အောင်​ စွမ်း​ဆောင်​ထားတယ်

ဒါ​ပေမယ့်​လည်း အချိန်​တန်​ရင်​နိုးထလာတဲ့ခန္တာ​ဗေဒစနစ်​​ကြောင့်​ Technoမျက်​လုံး​တွေကိုဖြည်းဖြည်းချင်းဖွင့်​လိုက်​တဲ့အခါ မြင်​လိုက်​ရတာကအဖြူ​ရောင်​မျက်​နှာကြက်

ငါဘယ်​​ရောက်​​နေတာလဲ???

ပထမစက္ကန့်​တုန်းက​တော့အူ​ကြောင်​​ကြောင်​ဖြစ်​​နေ​ပေမယ့်​ ဒုတိယစက္ကန့်​မှာ​တော့ Technမျက်​လုံးပြူးသွားရတယ်

သေစမ်း

(ထထိုင်​)

"Emmmmmm"

လုံးဝကိုနိုးလာပြီဖြစ်​တဲ့Technoတစ်​​ယောက်​ သူဘယ်​​ရောက်​​နေတယ်​ဆိုတာကိုသိသွားတဲ့အချိန်​မှာ အမြန်​ထထိုင်​ဖို့လုပ်​လိုက်​​ပေမယ့်​ သူ့ကိုတစ်​ခုခုကဖိထားတယ်

ဒီအ​ခြေအ​နေကြီးကိုငါဘယ်​လိုရှင်းပြရမှာလဲ

ညဉ်းညူသံတစ်​ချို့နဲ့အတူ သူ့ရင်​ဘတ်​ကိုတက်​ဖိထားတာကKengklaဖြစ်​မှန်းသိလိုက်​ရတဲ့အခါ Technoထူးထူးဆန်းဆန်းပြုံးမိတယ်

ရုပ်​​ချော​ချောနဲ့​ကောင်​​လေးက သူ့ကိုညင်​ညင်​သာသာ​ပွေ့ဖက်​ထားတယ်​ သူ့မျက်​နှာကTechnoရဲ့ရင်​ဘတ်​ကိုအပ်​ထားပြီး Technoကလှူပ်​လိုက်​တဲ့အခါ ​ကောင်​​လေးရဲ့လက်​​တွေကပိုပြီး​တော့တင်းကျပ်​လာတယ်​ သူ့​ပေါ်မှာဖားက​လေးတစ်​​ကောင်​လိုကပ်​တွယ်​​နေတဲ့ဒီ​ကောင်​​လေးကချစ်​ဖို့​တော့​ကောင်းသားပဲ

ဒါ​ပေမယ့်​ ဒီလိုချစ်​ဖို့​ကောင်း​နေတာကိုအနီးကပ်​မြင်​​နေရတာက Technoကိုထူးထူးဆန်းဆန်း​တွေဖြစ်​​စေတယ်

How to secretly(မြန်​မာဘာသာပြန်​/မြန်​မာဘာသာပြန်)Where stories live. Discover now