Chapter-12 (Zawgyi)

86 4 0
                                    

"စိတ်​​လျှော့ ​Ai'No ရေ​သောက်​လိုက်​ဦး"

" Sobs Sobs Sobs "

(အရင်​တုန်းက ယူရီအို ဒါကိုရွှတ်​လို့ဘာသာပြန်​ခဲ့ဖူးပါတယ်​ ဒါ​ပေမယ့်​ အဲ့ဒီတုန်းက စာဖတ်​သူတစ်​​ယောက်​​ပြောတာက ရွှတ်​ဆို​တော့ငိုရမယ့်​ခံစားချက်​က​ပျောက်​သွားတယ်​တဲ့ အဲ့ဒါနဲ့ဒီEnglishပုံစံကိုပဲပြန်​ပြီးအသုံးပြုဖို့ဆုံးဖြတ်​လိုက်​ပါတယ်​)

အခုချိန်​မှာ​တော့ Tharntypeတို့ချစ်​သူနှစ်​​ယောက်​ရဲ့အခန်းထဲမှာ သူတို့ပထမနှစ်​ကတည်းကသိခဲ့တဲ့ ​ဘောလုံးအသင်း​ခေါင်း​ဆောင်​​ဟောင်းကအားပါးတရကိုငို​နေတယ်

သူ့ရဲ့ပုခုံးနှစ်​ဖက်​ကတစ်​ဆတ်​ဆတ်​တုန်​​နေပြီး မျက်​ရည်​​တွေစီးကျ​နေတဲ့အဲ့ဒီမျက်​နှာကကြည့့်​လို့ကိုအဆင်​မ​ပြေဘူး ဒါ​ပေမယ့်​ သူ့သူငယ်​ချင်းနှစ်​​ယောက်​လည်းဘာ​ပြောရမယ်​မှန်းမသိပဲ တစ်​​ယောက်​ကိုတစ်​​ယောက်​အသာကြည့်​ရင်းသက်​ပြင်းချမိတယ်

Type သူ့တစ်​သက်​လူံး ဒီသူငယ်​ချင်းငိုတာကိုတစ်​ခါမှကိုမမြင်​ခဲ့ဖူးဘူး ​သြော်​ မနှစ်​ကတုန်းက ပထမနှစ်​ကတည်းကသူ့အိပ်​မက်​ဖြစ်​ခဲ့တဲ့​ဘောလုံးပွဲကိုဝင်​ခွင့်​ရရမယ့်​ပွဲကို သူတို့ရှူံးခဲ့တုန်းကငိုခဲ့တာကလွဲလို့​ပေါ့

အဲ့ဒါ​တောင်​မှပဲ ဒီအရူး​ကောင်​က သူကအရာအားလူံးအဆငိ​ပြေတဲ့ပုံနဲ့ဂျူနီယာ​လေး​တွေကိုလိုက်​ပြီး​တော့အား​ပေး​နေခဲ့​သေးတာ

တစ်​ကယ်​တမ်းစိတ်​အထိခိုက်​ရဆုံးကသူပဲလို့ ဘယ်​သူကထင်​ထားခဲ့မှာလဲ

နောက်​ပြီး​တော့သူက သူများ​တွေ​ရှေ့မှာငိုပြီး မျက်​ရည်​ချူတတ်​တဲ့သူလည်းမဟူတ်​ဘူး

အဲ့ဒီတုန်းကလည်းက​လေး​တွေ​ရှေ့မှာလုံးဝမငိုပဲ ​ကျောင်းကိုကားပြန်​​ရောက်​လို့ အကုန်​လုံးပြန်​ထွက်​သွားပြီး ပထမနှစ်​ကတည်းကသူနဲ့အတူအသင်းကိုJoinခဲ့တဲ့ Ai'Champနဲ့သူ့​ရှေ့မှာပဲငိုခဲ့တာ

သူတို့အဖွဲ့ကျရှူံးခဲ့တဲ့အတွက်​ သူ့ကိုယ်​သူအပြစ်​တင်​တယ်​ သူပထမနှစ်​တုန်းကတည်းကမက်​ခဲ့ရတဲ့အိပ်​မက်​ကတစ်​စစီ​ကြေမွသွားပြီဆိုတာကိုပဲထပ်​ခါထပ်​ခါ​ပြောရင်းငိုတယ်

How to secretly(မြန်​မာဘာသာပြန်​/မြန်​မာဘာသာပြန်)Where stories live. Discover now