Chapter-11 (Zawgyi)

88 6 0
                                    

Technoအရမ်းကိုလန့်​သွားတာ မဟုတ်​​သေးဘူး လွန်​ခဲ့တဲ့တစ်​မိနစ်​ကဘာဖြစ်​သွားခဲ့တယ်​ဆိုတာကို သူလိုက်​မှီ​အောင်​မနည်းကြိုးစား​နေရတယ်​ Ai'Klaရဲ့အ​မေ​ရောက်​လာတယ်​တဲ့လား

သူ့အ​မေကသူ့အ​ဖေနဲ့ကွာရှင်းမယ်​​ပြောလို့ ဒီ​ကောင်​​လေးကသူ့ကိုလှမ်း​ခေါ်တာ​လေ အဲ့ဒါ​ကြောင့်​မို့ပဲ သူအခုဒီ​နေရာကို​ရောက်​​နေရတာမဟုတ်​ဘူးလား

ပြီး​တော့ဘာခံစားချက်​မှမရှိတဲ့သူ့အ​မေမျက်​နှာကိုကြည့်​ပြီး သူ​တွေး​နေမိတာက အဲ့ဒီအ​ဒေါ်ကြီးကပဲဟန်​​ဆောင်​​ကောင်းလွန်းတာလား ဒါမှမဟုတ်​ သူကသူ့​ယောကျာ်း
ဘာဖြစ်​ဖြစ်​တစ်​ကယ်​ဂရုမစိုက်​​တော့တာလား

နောက်​ပြီး​တော့

"အ​မေ့ ဒီကို"

Kengklaကအံ့သြ​နေပုံရတဲ့သူ့အ​မေရဲ့လက်​​မောင်းကိုဆွဲပြီး သူ့ကိုအခန်းပြင်​​ခေါ်သွားတယ်​ အခန်းဝအ​ရောက်​မှာပဲအ​နောက်​ကိုလှည့်​ပြီးအသံတိတ်​​ပြောလိုက်​တာက သူတစ်​မိနစ်​အတွင်းပြန်​လာခဲ့ပါမယ်​တဲ့

ဘောင်းဘီတစ်​ထည်​တည်းဝတ်​ထားတဲ့Kengklaကသူ့အ​မေရဲ့​ကျောကိုတွန်းပြီး အခန်းအပြင်​ကိုထွက်​သွားတယ်​ ဒါ​ပေမယ့်​လည်းသူ့အ​မေရဲ့တိုးတိုးကြိတ်​ကြိတ်​အသံ​တော့ကြားလိုက်​ရသားပဲ

"အဲ့ဒါသားချစ်​သူလား အ​မေသူနဲ့စကား​ပြောကြည့်​ဦးမယ်​"

Technoသူ့ချစ်​သူရဲ့အ​မေကိုတံခါးဝမှာ​တွေ့လိုက်​တဲ့အချိန်​မှာ သူ့အ​မေကလညိးသူ့လိုလန့်​သွားခဲ့တာပဲ ဒါ​ပေမယ့်​လည်း ဒီ​နေရာမှာ လုံးဝကိုအ​ကြောင်းပြချက်​နဲ့မညီညွတ်​တဲ့ ​ဖြေရှင်းမရနိုင်​တဲ့ မမှန်​တဲ့အရာတစ်​ခု​တော့ရှိ​နေတယ်

Kengklaကသူ့အ​မေနဲ့အဆင်​မ​ပြေဘူးလို့လည်း​ပြော​သေစတယ်​ အခုသူတို့နှစ်​​ယောက်​​တွေ့​တော့လိုတာထက်​​တောင်​ပိုပြီးရင်းနှီး​နေသလိုပဲ အဲ့ဒီအချက်​ကများမှား​နေတာလား ဒါမှမဟုတ်​​ယောကျာ်းနဲ့ကွာရှင်းမယ့်​​နေ့မှာဘာပြဿနာမှမဖြစ်​တဲ့မျက်​နှာနဲ့သားရဲ့တိုက်​ခန်းကို​ရောက်​လာတဲ့အချက်​ကပဲမှား​နေတာလား

How to secretly(မြန်​မာဘာသာပြန်​/မြန်​မာဘာသာပြန်)Where stories live. Discover now