Chapter-11 (Unicode)

504 36 7
                                    

Technoအရမ်းကိုလန့်သွားတာ မဟုတ်သေးဘူး လွန်ခဲ့တဲ့တစ်မိနစ်ကဘာဖြစ်သွားခဲ့တယ်ဆိုတာကို သူလိုက်မှီအောင်မနည်းကြိုးစားနေရတယ် Ai'Klaရဲ့အမေရောက်လာတယ်တဲ့လား

သူ့အမေကသူ့အဖေနဲ့ကွာရှင်းမယ်ပြောလို့ ဒီကောင်လေးကသူ့ကိုလှမ်းခေါ်တာလေ အဲ့ဒါကြောင့်မို့ပဲ သူအခုဒီနေရာကိုရောက်နေရတာမဟုတ်ဘူးလား

ပြီးတော့ဘာခံစားချက်မှမရှိတဲ့သူ့အမေမျက်နှာကိုကြည့်ပြီး သူတွေးနေမိတာက အဲ့ဒီအဒေါ်ကြီးကပဲဟန်ဆောင်ကောင်းလွန်းတာလား ဒါမှမဟုတ် သူကသူ့ယောကျာ်း
ဘာဖြစ်ဖြစ်တစ်ကယ်ဂရုမစိုက်တော့တာလား

နောက်ပြီးတော့

"အမေ့ ဒီကို"

Kengklaကအံ့သြနေပုံရတဲ့သူ့အမေရဲ့လက်မောင်းကိုဆွဲပြီး သူ့ကိုအခန်းပြင်ခေါ်သွားတယ် အခန်းဝအရောက်မှာပဲအနောက်ကိုလှည့်ပြီးအသံတိတ်ပြောလိုက်တာက သူတစ်မိနစ်အတွင်းပြန်လာခဲ့ပါမယ်တဲ့

ဘောင်းဘီတစ်ထည်တည်းဝတ်ထားတဲ့Kengklaကသူ့အမေရဲ့ကျောကိုတွန်းပြီး အခန်းအပြင်ကိုထွက်သွားတယ် ဒါပေမယ့်လည်းသူ့အမေရဲ့တိုးတိုးကြိတ်ကြိတ်အသံတော့ကြားလိုက်ရသားပဲ

"အဲ့ဒါသားချစ်သူလား အမေသူနဲ့စကားပြောကြည့့်ဦးမယ်"

Technoသူ့ချစ်သူရဲ့အမေကိုတံခါးဝမှာတွေ့လိုက်တဲ့အချိန်မှာ သူ့အမေကလညိးသူ့လိုလန့်သွားခဲ့တာပဲ ဒါပေမယ့်လည်း ဒီနေရာမှာ လုံးဝကိုအကြောင်းပြချက်နဲ့မညီညွတ်တဲ့ ဖြေရှင်းမရနိုင်တဲ့ မမှန်တဲ့အရာတစ်ခုတော့ရှိနေတယ်

Kengklaကသူ့အမေနဲ့အဆင်မပြေဘူးလို့လည်းပြောသေစတယ် အခုသူတို့နှစ်ယောက်တွေ့တော့လိုတာထက်တောင်ပိုပြီးရင်းနှီးနေသလိုပဲ အဲ့ဒီအချက်ကများမှားနေတာလား ဒါမှမဟုတ်ယောကျာ်းနဲ့ကွာရှင်းမယ့်နေ့မှာဘာပြဿနာမှမဖြစ်တဲ့မျက်နှာနဲ့သားရဲ့တိုက်ခန်းကိုရောက်လာတဲ့အချက်ကပဲမှားနေတာလား

တစ်ခုခုတော့မှားနေပြီ

Kengklaကလည်း သူ့မိဘတွေက သူ့ကိုဂရုမစိုက်ဘူးလို့ပြောခဲ့တယ်

ဒါပေမယ့်အခုကဘာကြီးလဲ ဘာတွေဖြစ်နေတာလဲဆိုတာကိုနားမလည်နိုင်တော့ဘူး

How to secretly(မြန်​မာဘာသာပြန်​/မြန်​မာဘာသာပြန်)Where stories live. Discover now