Extra-1 (Zawgyi)

101 6 0
                                    

အချိန်​နှစ်​လ​တောင်​ကုန်​လွန်​သွားခဲ့ပြီ

အဟက်

မနက်​ခင်းအ​စောကြီးမှာ ​ကောင်းကင်​ကြီးက​မှောင်​မည်း​နေတုန်း အခန်းထဲမှာကွန်​ပျူတာက​နေပြန်​လင်း​နေတဲ့အလင်း​ရောင်​မှိန်​မှိန်​​လေးရှိ​နေတယ်​ အလင်း​ရောင်​မှိန်​မှိန်​​လေး​ကြောင့်​ပဲ ကွန်​ပျူတာ​ရှေ့မှာထိုင်​​နေတဲ့​ကောင်​​လေးရဲ့မျက်​နှာ​ပေါ်ကအပြုံးကိုမှိန်​ပျပျမြင်​​နေရတယ်

သူ့ရဲ့နှူတ်​ခမ်း​တွေကပြုံး​နေလိုက်​တာများ ဘယ်​ဘက်​ခြမ်းကသွားစွယ်​​လေး​တောင်​​ပေါ်ထွက်​လာတဲ့အထိပဲ

သူကဒီနှစ်​စာ​မေးပွဲရဲ့​အောင်​စာရင်းကိုကြည့်​ပြီး​ကျေနပ်​​နေတာ

A A B+ B A A B+

ဒီအ​ခြေအ​နေက​ကျောင်းသားတစ်​​ယောက်​အတွက်​​တော်​တယ်​လို့​ပြောလို့ရတဲ့အဆင့်​ပဲ သူဘာသာရပ်​တိုင်းမှာAမရခဲ့​ပေမယ့်​ အခုအ​ခြေအ​နေဆိုရင်​​တော့ဒါ​တော်​​တော်​ကိုအဆင်​​ပြေ​နေပြီ

ဒီSemesterတစ်​ဖြတ်​မှာ ဟိုပြဿနာထဖြစ်​လို့ လူကစုတ်​ပြတ်​သတ်​သွားတာကလွဲရင်​ အဆင့်​​တွေစုတ်​ပြတ်​မသွား​အောင်​​တော့ သူထိန်းထားနိုင်​ပါတယ်

နောက်​ပြီး သူကြိုးစားခဲ့တာ​တွေအကုန်​လုံးရဲ့အ​ကြောင်းပြချက်​က P'Noသူ့ကို​ပေးမယ်​ဆိုတဲ့ဆု​ကြောင့်​​လေ

သူတို့နှစ်​​ယောက်​စပြီး​တော့တွဲခါစက သူ​တောင်းခဲ့ဖူးတဲ့ဆု​ပေါ့

သူတို့နှစ်​​ယောက်​ကွဲကွာမလိုဖြစ်​ခဲ့​ပေမယ့်​ Kengklaရဲ့ဦး​နှောက်​က အဲ့ဒီဆုအ​ကြောင်းကိုအခုထက်​ထိမှတ်​မိ​နေ​သေးတယ်

သူဆု​ပေးရမှာ​နော်​လို့​ပြော​တော့ P"Noကလည်းဆု​ပေးမယ်​ဆိုပြီးသ​ဘောတူခဲ့တယ်​​လေ

"ဒီ​နေ့ ငါ​တော့တစ်​ခါတည်း ငါ့မိန်းမကိုစားရ​တော့မယ်​"

အရင်​တုန်းကညစ်​ကျယ်​ကျယ်​အပြုံးနဲ့​ကောင်​​လေးဟာ အခု​တော့တစ်​ခါပြန်​​ရောက်​လာခဲ့ပြီ
Kengkla အိပ်​ရာ​ပေါ်က​စောင်​​အောက်​မှာနှစ်​ခြိုက်​စွာအိပ်​​ပျော်​​နေတဲ့အလုပ်​ပင်​ပန်း​နေသူကြီးကိုကြည့်​ပြီးပြုံးလိုက်​တယ်

How to secretly(မြန်​မာဘာသာပြန်​/မြန်​မာဘာသာပြန်)Where stories live. Discover now