Extra-2 (Zawgyi)

141 6 0
                                    

Technoအရမ်းကိုစိုးရိမ်​စိတ်​​တွေများပြား​နေတယ်

"အင်း ငါသိပြီးသားပါ ငါပဲအကုန်​လုံးကိုစာရှင်းပြရမှာ​လေ ဒီ​တော့ဘယ်​နှစ်​​ယောက်​​လောက်​လာမလဲ "

ဇိမ်​ခံတိုက်​ခန်းထဲမှာအိပ်​​နေတဲ့ Technoတစ်​​ယောက်​ညကြီးသန်း​ခေါင်​အိပ်​မှူန်​စုံမွှားနဲ့​ရေတစ်​ခွက်​​လောက်​​သောက်​ဖို့မီးဖိုခန်းထဲဝင်​လာခဲ့တယ်

ဒါ​ပေမယ့်​လည်း ဧည့်​ခန်းထဲက​နေပကျိပကျိနဲ့အသံတိုးတိုး​လေး​ပြော​နေသံကြားရပြန်​​တော့သူဧည့်​ခန်းကို​ချောင်းကြည့်​လိုက်​တယ်

စားပွဲ​ပေါ်မှာရှိ​နေတဲ့စာအုပ်​​တွေစာရွက်​​တွေ​ကြောင့်​ သူ့ရဲ့​ချော​မောလှတဲ့ရည်းစား​လေးကစာလုပ်​​နေတယ်​လို့ထင်​ရ​ပေမယ့်​ တစ်​ကယ်​​တော့သူကတစ်​ခြားလူတစ်​​ယောက်​နဲ့ဖုန်း​​ပြော​နေခဲ့တာပဲ

အခုအချိနိကKengklaတို့ရဲ့ငရဲနဲ့တူတဲ့စာ​မေးပွဲအချိန်​အခါကြီး​ပေါ့

Kengklaကဒီရက်​ပိုင်း စာ​မေးပွဲအတွက်​ စာကြည့်​​နေရတာနဲ့တင်​အလုပ်​ရှူပ်​​နေခဲ့တာ Technoကိုထိ​တောင်​မထိနိုင်​တာမို့ Technoတစ်​​ယောက်​မနက်​မိုးလင်းလာရင်​ရုံးကိုစိတ်​ချမ်းချမ်းသာသာနဲ့သွား​နေတာနည်းနည်းကြာ​နေပြီ အလုပ်​သွားတဲ့လမ်းမှာ​လေ​လေး​တောင်​ချွန်​လိုက်​​သေး

ဒါ​ပေမယ့်​လည်း သူတစ်​ခုခုကိုသတိထားမိလာချိန်​မှာ​တော့ မ​ပျော်​​တော့ဘူး

Kengklaက​ကောင်​မ​လေး​တွေနဲ့ဖုန်း​ပို​ပြောလာသလိုပဲ

"ဟုတ်​တယ်​ နင်​မရှင်းတာရှိရင်​လာ​မေးလိုက်​​လေ Ing ငါရှငိးပြ​ပေးမယ်​ စာအုပ်​​တွေလည်းစုံ​အောင်​ယူခဲ့ဦး ငါတို့တစ်​ခြားဟာ​တွေကိုပါကြည့်​လို့ရတာ​ပေါ့ "

ဒီ​နေ့နာမည်​ကIngတဲ့လား

Techno သူ့လက်​ထဲကဖန်​ခွက်​ကိုတင်းတင်းဆုပ်​ကိုင်​ထားလိုက်​တယ်

သူဒီလိုဖြစ်​​နေတာလည်းမ​ပြောနဲ့​လေ မ​နေ့ကသူ​ပြော​နေတဲ့သူနာမည်​က Pim

How to secretly(မြန်​မာဘာသာပြန်​/မြန်​မာဘာသာပြန်)Where stories live. Discover now